Uni
.
(၇)မဟာစီမံကိန်းစမယ်ဟေ့
.
"ခေါင်းကိုက်လိုက်တာ.."ဖြူဖပ်ဖပ် လက်တစ်ဖက်သည် တရိပ်ရိပ်ထိုးကိုက်လာသည့်ခေါင်းကိုဖိလိုက်သည်။ သူသည် ညည်းညူလိုက်၏။ ဘေးပတ်ပတ်လည်တွင်ဝိုင်ပုလင်းခွံနှင့်မုန့်ထုပ်ခွံများဝိုင်းရံနေသောသူ့ပုံရိပ်သည် သနားစဖွယ်များကောင်းနေမလား။ မုန့်ထုပ်တွေဟာညစ်ပတ်နေတာ ပုရွက်ဆိတ်တွေတောင်တက်နေပါပြီ။ ဝိုင်ပုလင်းခွံကလည်းသနားဖို့ကောင်းလောက်အောင်အနီရည်တွေဖိတ်စင်နေတဲ့ကြားမှာလဲလျောင်းလို့။ လိုက်ကာလေးများလွင့်နေသည့်ပြူတင်းပေါက်က နေရောင်ခြည်ဖျော့ဖျော့လေးသည်သာ သူ့ရင်တွင်းတွင်ကျန်သည့်မျှော်လင့်ချက်အပိုင်းအစတစ်ခုကိုကိုယ်စားပြုသလို သူ၏မှောင်မည်းနေသည့်အခန်းတွင်း အလင်းတွေဖိတ်ယိုကျပေးနေလျက်။
တစ်လ..။ တစ်လရှိပြီ။ Taehyungရယ်သူရယ် Nanchoနဲ့တွေ့ခဲ့တာ။ တစ်လတည်းဖြစ်သော်လည်းအချိန်တွေဟာရှည်ကြာလွန်းခဲ့သည်လို့ခံစားခဲ့ရသည်။ Nanchoနှင့်တွေ့တိုင်း ပွင့်လန်းလာသည့်လေးထောင့်အပြုံးတချို့ကြောင့်။ သူ့အပေါ်အေးစက်လာသောသူတစ်ဦးကြောင့်။
ယနေ့ ကျောင်းပိတ်ရက်။ ထို့ကြောင့်မနေ့ညကစိတ်ရှိတိုင်းသောက်ပစ်ခဲ့သည်။ ရင်ထဲကနာကျင်မှုတွေနည်းနည်းလောက်ဖြစ်ဖြစ်သက်သာလာမလားဟူသည့်မျှော်လင့်ချက်မှိန်မှိန်နှင့်။ ယခုတော့အဖော်တစ်ဦးတလေမှမရှိပဲ ပြိုလဲလို့။ သက်သာခဲ့ပါသည်။ ဆေးသောက်သလိုဖြည်းဖြည်းချင်းကုသရသည်မျိုးမဟုတ်ပဲ ရင်ထဲရှိနေသည့်ဗုံးတစ်လုံးအား စိတ်ရှိတိုင်း လွတ်လွတ်လပ်လပ်ပေါက်ကွဲခိုင်းလိုက်ရသည့်သက်သာခြင်းမျိုး။ အပိုမပြော။ အခန်းတွင်းတွင် ဗုံးတစ်ခုပေါက်ထားသလို ပစ္စည်းများပြန့်ကျဲနေသည်။
သူ စာရေးခုံကိုအားယူ၍မတ်တပ်ရပ်ပြီးငုံ့ကြည့် တော့ ဒဏ်ရာညိုမဲကွက်တွေစွဲနေသည့်ခြေထောက်နှစ်ဖက်။ မနေ့ညကမူးမူးရူးရူးနဲ့ဟိုဟာဝင်တိုက်ဒီဟာဝင်တိုက်ဖြစ်ခဲ့တာများလား။ တော်တော်သနားစရာကောင်းနေတာပဲKimseokjinရေ။
လမ်းစလျှောက်ကြည့်သည်။ ခြေချောင်းများက အားမရှိပဲခြေသလုံးက တောင့်ခဲနေကာ ဒူးဆစ်များကမူအရုပ်တစ်ရုပ်၏ဒူးဆစ်များလိုချောင်ချောင်ကြီး နေသည်။ စတင်လိုက်သည့်ခြေလှမ်းများသည် လမ်းလျှောက်ခါစ ကလေးခြေလှမ်းများထက်တောင် ယိုင်တိယိုင်တိုင်တုန်ရီ၍နေသည်။ ကလေးငယ်များကမှ အနားတွင်ကူဖေးပေးမည့်သူရှိသေးသည်။ အားပေးမည့်အုပ်ထိန်းသူရှိအုံးမည်။ သူ့တွင်မူ မည်သူတစ်ဦးတလေမျှမရှိ။

YOU ARE READING
A Beta Boy Who Was An Omega(Taejin-Ongoing)
FanfictionUni စိမ်းလဲ့လဲ့သစ်ရွက်တစ်ရွက်ဟာ လက်တစ်စုံရဲ့ခူးယူခြင်းကိုခံရတော့မယ့် မွှေးပျံ့ပျံ့ပန်းတစ်ပွင့်ကို လူမသိသူမသိ အားကျခဲ့တာ သူမသိလိုက်ခင်မှာတင် သူ့ကိုယ်ထည်ပေါ်မှာ ဓာတုရေမွှေးရည်တွေဟာ စိုစွတ်နေလေရဲ့။ လူမသိသူမသိနှလုံးသားတစ်စုံဟာ တစ်ယောက်သောသူရဲ့ထွေးပွေ့ခ...