မီးရောင်စုံတစ်ဖျတ်ဖျတ်အောက် ခန်းနားထည်ဝါလှသည်အပြင် လူကုံထန်အသိုင်းအဝိုင်းမှရုပ်ကိုသေချာမသိလျှင်တောင်နာမည်ကြားဖူးရင်းနီးနေလောက်မည့်စီးပွားရေးလုပ်ငန်းရှင်များစွာပါရှိနေသည့်ပွဲတစ်ခုဖြစ်သည်။
"အဟင်း ဒီနေ့ မင်းရဲ့ သက်တော်စောင့်မပါဘူးလား"
"အို ကျွန်မလို ရှေ့နေကဘယ်ကသက်တော်စောင့်ငှားနိုင်မှာလဲ အပိုတွေမပြောစမ်းပါနဲ့ရှင်"
"ဟုတ်ရဲ့လား မင်းဘေးနားတစ်ချိန်လုံးရှိနေတဲ့ မုဒ္ဒြာမြိုင်ကတော့ အဲ့လိုပဲတွေးနေမိမယ်ထင်တယ် ဘာလဲ မင်းတစ်ယောက်ထဲအတွက်များသီးသန့်လုပ်ပေးသလား"
The dark of light လုပ်ငန်းစု၏အမွေဆက်ခံသူ ခန့်ညားပိုင်။ ရုပ်ရည်အရကော ပညာအရည်အချင်း နောက်ခံဘက်ဂရောင်းအရပါ အမျိုးသမီးများသဘောကျနိုင်သည့်အချက်အားလုံးနှင့်ပြည့်စုံနေသောသူ။ ဒါပေမဲ့ သူမရဲ့တစ်ဦးတည်းသောအမျိုးသမီး မုဒ္ဒြာမြိုင်နဲ့ယှဉ်နိုင်စရာမရှိတဲ့သူလိုပဲစမ်းရည်စိတ်ထဲတွေးနေမိသည်။ ထိုလူပါးစပ်က အမျိုးသမီး၏အကြောင်းကိုထုတ်ပြောလာတာကိုတောင်မနှစ်သက်ပါ။
"သူနဲ့ကျွန်မနဲ့ကမိတ်ဆွေတွေပါ ရှင်သိပါတယ် ရှင်တို့လိုလူတန်းစားတွေဘေးမှာ ရှေ့နေတရားသူကြီးတွေရှိတယ်ဆိုတာအဆန်းမှမဟုတ်ပဲ"
"ဟားဟား ဟုတ်ပါပြီ မင်းပြောတော့လဲမင်းအပြောပေါ့ ဒါနဲ့တစ်ခုတော့သတိပေးထားမယ်နော် ကျားကိုဖမ်းချင်ရင်ကျားဂူထဲဝင်ရတယ် ကျားဆိုတာတစ်ကောင်ထဲနေတက်ကျက်စားတက်လို့ဖမ်းရလွယ်ပေမဲ့ ဝံပုလွေဆိုတာအုပ်စုဖွဲ့နေတာ မင်းနားလည်မှာပေါ့ဟုတ်တယ်မဟုတ်လား"
ဒါဟာသူမကိုစိန်ခေါ်သွားသည့်သဘော။ ဝံပုလွေဆိုတာအငြိုးကြီးတယ်။ လျှင်တယ်။ ထို့အပြင်ကောက်ကျစ်ယုတ်မာတက်သည်လေ။ မုဒ္ဒြာမြိုင်တို့လိုအရှိန်အဝါကြီးသည့်လုပ်ငန်းစုတောင်သတိထားဆက်ဆံနေရသည်ဆိုကထဲက ထိုလုပ်ငန်းစုဟာမည်မျှလောက်အန္တရယ်ရှိလဲဆိုတာတွေးကြည့်သည်နှင့်ပင်ခန့်မှန်း၍ရသည်။
စမ်းရည်မှာရည်မှန်းချက်တစ်ခုရှိသည်။ တစ်နေ့ ဒီလုပ်ငန်းစု၏မျက်နှာဖုံးအောက်ကလုပ်ငန်းများကိုဖော်ထုတ်နိုင်ရမည်။ ဒါမှသူလက်စားခြေပေးနိုင်မည်လေ။ သူမရဲ့ချစ်ရသောသူငယ်ချင်းအတွက်ပေါ့။
YOU ARE READING
မူပိုင်ခွင့်ပုဒ်မ
Romanceတို့အတွက် ပုဒ်မဆိုတာ အခုချိန်ထိမရှိသေးဘူး ခလေးမ။ ဒါဆိုကျွန်မကိုယ်တိုင်ရှင့်အတွက်သီးသန့်ဖန်တီးပေးမယ်လေ။