~619 words~

121 16 6
                                    

ဘယ်ဘက်မျက်ဝန်းအောက်က မှည့်နက်ကလေးရယ် ဆွယ်တာအညိုလေးရယ် ဆံပင်တွေကို အမြဲထိုးဖွတတ်တဲ့ လက်ချောင်းရှည်တွေရယ်
စီးကရက်တွေ ခဲတတ်တဲ့ နှုတ်ခမ်းနီဆွေးဆွေးရယ်

တွင်းနက်နက်ကြီးထဲ ပြုတ်ကျသွားသလိုမျိုး အဲ့လူနဲ့အကြည့်ချင်းဆုံလိုက်ရင်များ ကျွန်တော့် ရင်ဘတ်တစ်ခုလုံး ဟာပြီး ငိုချင်စိတ်တွေပေါက်လာတဲ့ထိ ကျွန်တော်သေလောက်အောင် သဘောကျတာ အဲ့လူကိုလေ

တစ်ခါတလေ တစ်ယောက်တည်းမှန်ရှေ့မှာ စကားစပြောဆိုနိုင်ဖို့ လေ့ကျင့်နေခဲ့ရတာလည်း ပြန်တွေးကြည့်ရင် အရူးလို ရယ်ရတယ်ဗျာ

တခြားမိန်းကလေးတွေကို မျက်ပေတုံးလေးတွေမှေးသွားတဲ့အထိ ရယ်ပြနေတာတွေကိုကြည့်ရင်း ကျွန်တော့်မှာ တစ်ယောက်တည်း အိပ်မရအောင် သဝန်တွေတိုလိုက်ရတာ

အထက်တန်းနောက်ဆုံးနှစ်ရောက်မှ ​ကျောင်းကိုရောက်လာတဲ့အဲ့လူက တစ်နှစ်ပတ်လည်လောက်နဲ့ တစ်ခန်းလုံးနဲ့ရင်းနီးအောင်ဖော်ဖော်ရွေရွေ နေခဲ့တဲ့လူ
အဲ့လိုဖော်ရွေလို့လည်း ဟိုကောင်မလေးက ကြိုက်ကြောင်း ဒီကောင်မလေးက ချစ်ကြောင်း လာလာပြောတာတွေ ခံခဲ့ရတာပေါ့
ဒီလောက်ဖော်ရွေတဲ့လူကို တစ်နှစ်လုံးသာကုန်သွားတယ် ကျွန်တော်ကတော့ အကြည့်ချင်းဆုံအောင်တောင်မကြည့်ရဲခဲ့ဘူး
ဘာလို့ဆို အခုထိ မြင်မြင်ချင်းအချစ်လို့ ခေါင်းစဥ်မတပ်နိုင် လက်မခံနိုင်သေးတဲ့ ကျွန်တော်အရူးကောင်က စမြင်တည်းက သေလောက်အောင်သဘောကျသွားတာမို့လေ
ကျွန်တော် အဲ့မျက်လုံးတွေကို ခံစားမှုအတိုင်းကြည့်ဖို့မရဲခဲ့ဘူး
အဲ့လူကရယ်ပြလာရင်တောင် ပြန်ရယ်ပြဖို့မေ့နေခဲ့တဲ့အထိ ကြောင်အမ်းအမ်းနဲ့ ပြန်ကြည့်နေမိခဲ့တာလေ
ကျွန်တော့်ဘဝရဲ့ ပထမဆုံး သဘောကျမိတဲ့လူက ယောကျ်ားလေးတစ်ယောက်တဲ့ဗျာ
ဘယ်လောက်တောင်ဆန်းကြယ်တဲ့ ငေးမောခွင့်လေးလဲ
အဆုံးထိလားပဲဗျာ
တခြားဘယ်သူ့ကိုမှ ထပ်ရင်ခုန်လို့မရတော့တာလေ
အဲ့လူက အဲ့ဒီ့လောက်တောင် ကျွန်တော့်ကိုလေ...

အင်း ထပ်ပြောပြရရင် အထက်တန်း၁နှစ်တည်းနဲ့ပြီးမသွားဘူး
ကျွန်တော်တို့ တက္ကသိုလ်မှာလည်း မေဂျာတူတဲ့ထိ ရေစက်ကပါလာသေးတာ
ဘယ်လိုပြောရမှာမလဲဗျာ အဲ့လူကို ရှပ်လက်ရှည်အဖြူလေးနဲ့ အကြာကြီးနေမှ ပထမဆုံး ပြန်တွေ့လိုက်ရတဲ့အဲ့ခံစားချက်လေးကလေ ကျွန်တော့်ကိုအရူးလိုဖြစ်သွားစေတာ
ဘာလုပ်လို့ ဘာကိုင်ရမလဲမသိတော့အောင် အဲ့လူ
အဲ့လူက ဟွမ်ဟျွန်းဂျင်က ပြုစားလွန်းပါတယ်

𝐷𝑦𝑠𝑡𝑦𝑐ℎ𝑖𝑝ℎ𝑜𝑏𝑖𝑎Where stories live. Discover now