August 13

74 11 4
                                    

ဟုတ်တယ် အဲ့လူချိန်းတဲ့နေရာဆီ ကျွန်တော်မသွားခဲ့ပါဘူး အကြောင်းရင်းက တစ်ခုတည်းပါ
ကျွန်တော်ကြောက်နေခဲ့လို့လေ
လူတွေအများကြီးရှိနေလျက်နဲ့ လျပ်တပြတ်လေးအကြည့်ချင်းဆုံတာတောင် ကြောက်နေတဲ့ကောင်က အဲ့လူမျက်နှာ၁ခုလုံးကို မျက်နှာချင်းဆိုင်ထိုင်ကြည့်ရမယ့် ကိစ္စကြီးကိုလေ
တကယ်တွေးတောင်မကြည့်ရဲပါဘူးဗျာ
ဟွမ်ဟျွန်းဂျင်စိတ်ဆိုးသွားမလားတော့ ကျွန်တော်မသိဘူး ကျွန်တော်က ချစ်ပဲချစ်တတ်တာ
ချော့မှချော့မတတ်ပဲဗျာ
ဘာပဲဖြစ်ဖြစ် ကျွန်တော်မျက်နှာချင်းဆိုင်ဖို့မလုပ်ရဲပါဘူး
ကျောင်းကိုသွားနေရင်း ရောက်ခါနီး အဲ့လူနဲ့တွေ့မှာကြောက်လို့ အိမ်ပြန်ခဲ့ရတဲ့ ကျွန်တော်အဖြစ်ရယ်ပါဗျာ

"ကပ်ချီနို ဆင်ဂယ်လ် ၁ခွက်ပေးပါဗျ"

"ကျွန်တော့်ကိုလည်း အဲ့ဒါပဲပေးပါ"

ကြားလိုက်ရတဲ့အသံကြောင့် ကျွန်တော့် တစ်ကိုယ်လုံးတုန်ပြီး အေးစက်သွားတယ်

လက်ထဲက ပိုက်ဆံကိုအမြန်ချပြီး မှာထားတာလည်းမယူနိုင်တော့ပဲ လှည့်ထွက်ဖို့ပြင်တော့ ကျွန်တော့်မျက်နှာနဲ့ နီးနီးကပ်ကပ်လေးရှိနေတဲ့ နားရွက်နီနီလေး
ရှောင်ထွက်မရအောင် ပိတ်ရပ်ထားတာမို့ ခေါင်းကို ငုံ့လိုက်တော့ နို့စိမ်းရောင် စပို့ရှပ်ကော်လံစွန်းလေးက လက်ပင်းကြောစိမ်းစိမ်းလေးတွေ

အားး ကျွန်တော်ရူးတော့မယ်

မွန်းကြပ်လာပြီ ကျွန်တော် အဲ့လူကို အသေချစ်တယ်ဗျာ

"ရပြီကလေး"

ဆိုင်ရှင်ဦးလေးကြီးပေးတဲ့ ကော်ဖီ၂ခွက်ကို ဟွမ်ဟျွန်းဂျင်က လှမ်းယူလိုက်ပြီး ကျွန်တော့်ကို ကျောခိုင်းလျက် ရှေ့ကစားပွဲပေါ်သွားတင်လိုက်တယ်
ပြီးတော့ တည့်တည့်လျှောက်လာပြီး ချစ်စရာလက်ချောင်းရှည်တွေနဲ့ ကျွန်တော့် လက်မောင်းကိုကိုင်ဆွဲကာ စားပွဲဆီခေါ်လာတယ်

ကျွန်တော်လည်း ဘာမှဆက်လုပ်မရတော့မှန်း သိတာမို့ ခေါင်းငုံ့လျက်အနေအထားတိုင်းပဲ ထိုင်ခုံမှာထိုင်နေလိုက်တယ်
ကျွန်တော့်ရှေ့ကို ကော်ဖီခွက်လေး တိုးပေးလာတယ်

𝐷𝑦𝑠𝑡𝑦𝑐ℎ𝑖𝑝ℎ𝑜𝑏𝑖𝑎Where stories live. Discover now