အခန်း (၁)

6 0 0
                                    

အခန်း(၁)
နောင်တ

ကောင်းကင်ကြီးတွင် တိမ်သားများစင်၍ နေမင်းကြီး၏အလင်းရောင်သည်
နေ့တစ်နေ့၏ ညနေပိုင်းဖြစ်သည့်အလျောက် မလင်းတလင်းဖြစ်နေသည်။
နေမင်းကြီးသည် တစ်နေ့တာကုန်ဆုံးလျှင် မြတို့မြင်နေရတဲ့ နေရာလေးမှ ကွယ်ပျောက်သွားသည်။
လူတွေက နေဝင်တယ်ဟု ခေါ်ဆိုကြသည်။ တစ်ချို့က နေညိုတယ်လို့ ခေါ်ဆိုကြသည်။ ဒါဟာ ဒေသ အလိုက် ကွဲပြား အသုံးအနှုန်းများတည်း။ နေဝင်ပြီးလျှင် နေပြန်ထွက်သည်။ ထိုသို့အဖြစ်အပျက်နှစ်ခုသည် နေ့စဉ် ဖြစ်ပွါးနေသည်။ သို့ရာတွင် မြတို့ နှစ်သက်တန်ဖိုးထားရသော သူများ မြတို့၏ဘဝမှ ပျောက်ကွယ်သွားလျှင် ထိုသူများကိုပင် မြတို့မြင်နေကြ နေမင်းကြီးကဲ့သို့ပင် ပြန်မြင်နိုင်ခွင့်မရရှိကြတော့ပေ။ သိုပေမဲ့ မြတို့၏ အတွေးထဲတွင် ထိုသူများကို တွေးတောခွင့်ရရှိသည်။ "သေသောလူ၊ ကြာရင်မေ့" ဆိုသည့် စကားကို မြသည် အပြည့်အဝမှန်သည်ဟု မထင်ချေ။ အဘယ်ကြောင့်ဆိုလျှင် မြသည် ထိုသူကို မမေ့နိုင်သေးပါ။ ထိုသူ လောကကြီးမှ ထွက်သွားသောနေ့မှ စ၍ ယခု အချိန်ထိတိုင်ပင် မြသည် မေ့မဖျောက်နိုင်ပါ။ မေ့ဖျောက်ရန်လည်း မကြိုးစားပါ။ အဘယ်ကြောင့်ဆိုလျှင် ထိုသူကို မြ
မသတ်ခဲ့သော်လည်း သူ၏စိတ်နှလုံးကို မြဟာ အကြိမ်ကြိမ် သတ်ခဲ့သည်ဟု မြထင်မြင်မိ၏။ ထို့ကြောင့်ပင် မြသည် သူ့ကိုမေ့ပျောက်ရန်ကြိုးစားဖို့ အခွင့်အရေးမရှိပေ။ ရှိလျှင်လည်း မြကြိုးစားမိမြင်မထင်ချေ။

မြသည် ယခုထိုသူလဲလျောင်းနေသော နေရာကို ရောက်ရှိနေသည်။ မြသည် မြအလုပ်အားလပ်ရက်ဖြစ်သော တနင်္ဂနွေနေ့တိုင်းလိုလို သူ့ဆီလာဖြစ်သည်။ မြ အရင်ကသူ့အပေါ်ပြုမူလုပ်ခဲ့မိသော အရာများသည် ခွင့်လွှတ်နိုင်စရာကောင်းမနေပေမဲ့လည်း ခွင့်လွှတ်ရန် တောင်းပန်ရမည်မှာ
မြ အလုပ်သာမဟုတ်ပါတည်း။ဘေးပတ်ပတ်လည်တွင် အခြားအုတ်ဂူများရှိသည်။ ယခုရောက်နေသောနေရာတွင် သစ်ပင်ကြီးများ၊ သစ်ပင်ငယ်များ၊ မြစိမ်းရောင်အရွက်လေးများ တည်ရှိသည်။ မြက်ခင်းများပေါ်တွင် ကျွန်မရပ်နေစဉ် မုတ်သုံလေပြင်းတစ်ချက် တိုက်ခတ်လာ၍ ဝသုန်မိုးစက်များ ရွာသွန်းရန် တိမ်တိုက်ညိုများသည် ကောင်းကင်ထက်ဝယ် အုံ့ဆိုင်းလာ၍ ယခုနက ရှိခဲ့သော ကောင်းကင်ပုံစံနှင့် အလွန်ပင် ကွာခြားလွန်းသည်။ ရုတ်တရက် မြ အနား တစ်စုံတစ်ခု နီးကပ်လာသလိုခံစားရသည်။ နောက်တွင် မြသည် ခြေသံ များကြားရ၍ လှည့်ကြည့်လိုက်ချိန်

မေတ္တာများထုတ်ဖော်ပြမိခဲ့လျှင် (Unicode)Donde viven las historias. Descúbrelo ahora