Three

247 41 8
                                    

အပြုံးလေးကိုယ်စီနဲဲ့ညီလာခံထဲဘုရင်လေးသုံးပါးလုံးဝင်လာပါတယ်။ပလ္လင်‌ပေါ်မှာထိုင်နေတဲ့အရှင်seungcheolရဲ့ကြင်ယာတော်Jeonghanကိုတွေ့တော့သူတို့သုံးယောက်လုံးဂါရဝပြုရင်းဘုရင်Junကကြင်ယာတော်ကိုဂါရဝပြုကြောင်း‌လျှောက်တင်လိုက်ပါတယ်။

"ကြင်ယာတော်ကိုဂါရဝပြုပါတယ်"

"ဟုတ်ပါပြီဘုရင်တို့ဂါရဝပြုတာကိုလက်ခံပါတယ်"

"အိုးကြင်ယာတော်ကိုအခုမှသေချာကြည့်မိတယ်။ကြင်ယာတော်ကတင့်တယ်လွန်းလှတဲ့အလှကိုပိုင်ဆိုင်ထားတာပဲ"

"ကျေးဇူးတင်ပါတယ်ဒီလောက်လဲအမွှမ်းတင်ဖို့မလိုပါဘူးဘုရင်Seokminရဲ့"

"အဟမ်း အဟမ်း "

"အရှင်‌ဘာများဖြစ်လို့လဲနေမကောင်းဘူးလားအရှင်ကျန်းမာရေးကိုဂရုစိုက်မှပေါ့"

ဆော့မင်သိတာပေါ့သူအရှင်ကသူနဲ့ကြင်ယာတော်နဲ့စကားပြောနေတာကိုသဝန်တိုနေမှန်းသိတာပေါ့ဆော့မင်တို့ကနဲနဲလောက်စလိုက်ရမှကျေနပ်တာလေ။အဲ့အချိန်မှာမင်ဂယူကပါ ဝင်ပြောတော့အရှင့်ရဲ့မျက်နှာဟာဒေါသထွက်လွန်းလို့နီရဲနေပြီလေ။

"အရှင်နေမကောင်းရှင်ကြင်ယာတော်၏အဝေးမှာနေသင့်ပါတယ်အရှင်"

"ဟမ်ဘာဆိုင်လို့တုန်းမင်ဂယူ"

"ကြင်ယာတော်အဖျားကူးမှာဆိုးလို့ကျွန်တော်မျိုးကစေတနာနဲ့ပြောတာပါအရှင်"

"ဘာ!"

အရှင်ချောလ်ရဲ့ဘေးနားမှာထိုင်နေတဲ့ကြင်ယာတော်တောင်အရှင်အော်လိုက်လို့လန့်ပြီးတုန်တက်သွားရတယ်။

"ဟာနီကိုယ်တော်တောင်းပန်ပါတယ်ဟာနီ့ကိုလန့်သွားဖို့မရည်ရွယ်ပါဘူး"

"မဟုတ်တာအရှင်ရယ်နည်းနည်းပဲလန့်သွားတာပါအော်ဆွေးနွေးစရာတွေရှိသေးတယ်လေအရှင်ရဲ့ လူလဲ စုံနေပြီဆိုတော့ပြော‌တော်မူလိုက်ပါအုံးအရှင်"

"ဟုတ်ပါပြီဟာနီလေးရယ်ကိုယ်တော်ပြောတော်မူလိုက်ပါမယ်"

" Tarria တိုင်းပြည်က Therondia တိုင်းပြည်နဲ့မိတ်ဖက်မဟုတ်ဘူးဆိုတာသိကြတယ်မလား"

Three kings and three dancersWhere stories live. Discover now