"ဟုတ်ပြီဒီဘက်ကအရှင်တွေကနှုတ်ဆက်ပြီးပြီဆိုတော့Flowerလေးတွေကလဲနှုတ်ဆက်လိုက်ပါအုံး"
"Flowerအဖွဲ့တော့လုပ်ပါကြင်ယာတော်ရဲ့"
"ကြင်ယာတော်ပြောတာမှန်ပါတယ်Flowerလေးတွေရဲ့အဖွဲ့နာမည်Flowerဆိုပေမဲ့အဖွဲ့ထဲမှာပါသောလူသားလေးတွေကပန်းလေးတစ်ပွင့်လိုအရမ်းလှပပါတယ်"
အရှင်Junဟာမြောင်ဟိုကိုကြည့်ပြီးပြောလိုက်တာကြောင့်မြောင်ဟိုမှာပါးကလေးနှစ်ဖက်ကပန်းရောင်လေးသန်းသွားရပါတော့တယ်။
အိုးးရှက်တာနေတာတောင်ဘာလို့အဲ့လောက်လှရက်ရတာလဲကောင်ငယ်လေးရယ်။အရှင်Junမှာပြေးပြီးဆွဲဖက်ချင်နေတဲ့စိတ်ကိုမနဲချုပ်ထားရပါတယ်။
"ပန်းကလေးတွေလိုမျိုးရနံ့လေးလဲအလွန်မွှေးကြိုင်လွန်းလှပြီးမြင်သူတကာပိုင်ဆိုင်ချင်ရတဲ့အထိတင့်တယ်လွန်းလှပါတယ်"
အရှင်Mingyuဟာလဲသူ့အရှေ့မှာတောင့်တောင့်ကြီးရပ်နေတဲ့ဝန်ဝူးကိုအချစ်များနှင့်ပြည့်နက်နေသောမျက်လုံးများဖြင့်ကြည့်ကာပြောလိုက်ပါတယ်။
ဝန်ဝူးမှတော့အချစ်များနှင့်ပြည့်နက်နေသည့်မျက်လုံးများဖြင့်ကြည့်၍ပြောနေသောသူ့ရဲ့အရှေ့ကဘုရင်လေးကြောင့်ရှက်လာရသဖြင့်မျက်နှာတစ်ခုလုံးဟာစတော်ဘယ်ရီသီးလေးတွေလိုဖြစ်သွားရပါသတဲ့။
"ပန်းကလေးတွေလိုမြင်သူတကာကိုဆွဲဆောင်လွန်းလှတဲ့အသွင်အပြင်လေးကိုလဲပိုင်ဆိုင်ထားပါတယ်အဲ့တာကြောင့်Flowerလေးတွေဆိုတာကိုမငြင်းပါနဲ့ဗျာ"
အရှင်Seokminကသူ့ကိုအရှင့်ရဲ့မူပိုင်အပြုံးလေးနဲ့ကြည့်ကာပြောလိုက်တာကြောင့်ဂျီဆူးမှာနားရွက်လေးနှစ်ဖက်အပါအဝင်ပါးလေးနှစ်ဖက်ပါပန်းနုရောင်သန်းသွားပါတော့တယ်။
Seokminအရှေ့ကဖြူဖြူးဖွေးဖွေးလေးက်ုအပြုံးလေးများဖြင့်ကြည့်ပြီးပြောလိုက်တော့ဖြူဖြူဖွေးဖွေးလေးရဲ့မျက်နှာလေးဟာပန်းရောင်သန်းသွားတာကိုမြင်လိုက်ရပါတယ်။Seokminလဲထပ်မံပြီးအပြုံးကိုဆင်ကာထိုသူလေးအားကြည့်၍ထပ်မံပြုံးပြလိုက်ပါတယ်။