Pt-4

195 24 13
                                    

ရှုအာ ထမင်းဘူးအကျန်ကို လက်ထဲကိုင်ရင်း ကားပါကင်ဆီသို့
ဦးတည်လိုက်သည်
ကားပေါ်တက်ရင်းပင်  မောင်းလာလိုက်တာ
တစ်၀က်လောက်မှာ ဆွန်းချောလ်တို့ကို မှီသည်
ဒီအချိန်လောက်ဆို  စာဖတ်ခန်းထဲ
အေးအေးဆေးဆေးနေနေရတော့မည်ကို
သကောင့်သားလေးကြောင့်...မင်ဂယူ မင်ဂယူ ချွဲမင်ဂယူ
သူကတော့ ဆွန်းချောလ်မောင်းပေးတဲ့ နောက် အသာလေး
လိုက်စီးရင်း ဇိမ်ကျနေလိမ့်မည်
သကောင့်သားက အငယ်လို့မပြောရဘူး အမြဲ ဇိမ်တစ်ခွဲသားနှင့်
ငယ်ငယ်ကတည်းကပင် အခွင့်ထူးခံ

တီ....တီ....တီ

ရှုအာ ဆွန်းချောလ်ဆီသို့ ဖုန်းဆက်လို့က်ပြီး

"ဆွန်းချောလ်ရား... ငါဒီနေ့ အဲ့မှာပဲ အိပ်တော့မှာ....ပြန်မလာနိုင်တော့ဘူး......ညောင်းတယ်ကွ"

သူဘယ်လိုနည်းနဲ့မှ ၂နာရီ လောက်ဝေးတဲ့ အိမ်တော်ကို
ပြန်မလာနိုင်ပါ
မြို့လယ်မှာရှိနေတဲ့ ကုမ္ပဏီကနေ ထို ကွန်ဒိုကို သွားရသည်မှာလဲ တကယ်မလွယ်လှ

"အင်း.....ငါလဲ မပြန်ပါဘူး အဲ့မှာပဲ အိပ်ဖြစ်လောက်မယ်..."

"ဟာ....hyung,တို့ကလဲ ပြန်ရအောင်ပါ "

ကားနောက်ခန်းထဲမှ လှမ်းပြောလာသည့် မင်ဂယူ....

"ဟိတ်ကောင် မင်းမရှည်နဲ့ မင်းဘာမင်း ကားမောင်းပြီးပြန်ပြန်, သူများမောင်းပို့ပို့ ငါကတော့မလိုက်နိုင်ဘူး...သွား မင်းဘာမင်းသွား!!..."

ဆွန်းချောလ်မှ စပီကာဖွင့်ထားသည်မို့....
ရှုအာတစ်ယောက် ဖုန်းထဲမှ ပေါက်ကွဲနေခြင်းပင်

"ဟော....အဲ့တာများ hyungတို့က အသက်ကြီးနေပြီလို့ ပြောရင်လဲ ဟင်း...မပြောချင်ဘူး...."

စစရာမရှိ ရှာကြံစတတ်သည်မှာလဲ မင်ဂယူ့ ပါရမီပင်
သူ့စကားလှလှလေးတွေကြောင့် အဆဲသံလှလှလေးတွေလဲ
ကြားလိုက်ရသေးသည်

နာရီမှာ ၁၀နာရီထိုးချေပြီ
ရောက်ခါနီးပြီ
ဆွန်းချောလ်နောက်ကို လှည့်ကြည့်လိုက်တော့
မင်ဂယူတစ်ယောက် ဘယ်လောက်တောင် အိပ်မောကျနေသည် မသိ သရည်တွေပင် ကျလို့....
ကားပါကင်အရောက် လှမ်းနိုးတော့မှ ကမူးရှူးထိုး
အိပ်ချင်မူးတူးနှင့် ထလာကာ ကွန်ဒိုပေါ် တက်သွားတော့သည်
နောက်က အကိုနှစ်ယောက်လဲ ဗြစ်တောက်ဗြစ်တောက် ဖြင့်သာ
လိုက်ပါလာကြသည်

✨️Sugar Baby✨️Where stories live. Discover now