1

2.6K 68 0
                                    

    သက်ပိုင်မှူးတစ်ယောက် သူ့တိုက်ခန်းအဝကစီးကရက်တိုတစ်စကြောင့် မျက်ခုံးတို့တွန့်ချိုးသွားသည်။ဒီတလော အထူးသဖြင့်ဒီရက်ထဲ သူ့တိုက်ခန်းရှေ့မှာဆေးလိပ်တိုတစ်ခုအပြင် မကြာခနသူ့နောက်ကျောကို စူးစိုက်ကြည့်ချင်မျိုးကိုခံစားနေရသည်။အစတုန်းက ဆေးလိပ်တိုတစ်ခုတွေ့တုန်းက သူသိပ်ဂရုမစိုက်ခဲ့။သူနေထိုင်တဲ့မြို့က အရင်ကရာကူဇာတွေသောင်းကျန်းတဲ့ဒေသမြို့လေ ဂျပန်နိုင်ငံတော်က ရာကူဇာတွေကို သတိပေးထိန်းချုပ်ထားတာတောင် ဒီဒေသမှာ ရာကူဇာတွေက သူတို့ကိုလာမထိသ၍ဒုက္ခမပေးဘဲရှိဆဲပေ။ဒါကြောင့်သူ့အခန်းရှေ့ကဖြတ်သွားတုန်း ရာကူဇာတစ်ယောက်ယောက်သောက်သွားတယ်ထင်ခဲ့တာ။ရက်ဆက်လာတော့ သူဂရုမစိုက်လို့မရတော့ ဆေးလိပ်တိုအပြင်သူ့နောက်ကျောတွေပါ အကြည့်စူးစူးကြောင့်ပေါက်ထွက်ချင်နေပြီမို့။ ဒါက နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့လူတွေကြုံရတဲ့ နောက်ယောင်ခံလိုက်ခြင်းမျိုးလား။သူရဲတိုင်လိုက်သင့်‌ပြီလား။ဒါပေမယ့် သူကမိန်းကလေးလည်းမဟုတ်ဘူးလေ။ပိုက်ဆံမရှိလို့ အလုပ်လာလုပ်ပါတယ်ဆိုမှ သူ့ဆီကဘာရမှာလဲ။

တံခါးကိုဖွင့်ကာ ဝင်လိုက်ရင်း သူအိမ်ပြောင်းသင့်ပြီလားတွေးနေသေးသည်။ဒါပေမယ့် သူ့အကြည့်ကဗီဒိုသေးသေးပေါ်မှာတင်ထားတဲ့ အမေပေးထားတဲ့ယုန်ရုပ်လေးကိုမြင်တော့ လန့်သွားကာ နောက်လှည့်ပြေးဖို့ပြင်လိုက်သည်။ဒါပေမယ့်လက်တစ်‌ဖက်က သူ့အနားအမြန်ရောက်လာကာ တံခါးကိုဆွဲပိတ်သွားသည်။ပြင်းပြ‌သောအသက်ရှူသံက ဒီညတော့ အိမ်မှာသူတစ်ယောက်ထဲမဟုတ်တော့သည်ကို သတိပေးနေသလို။

သက်ပိုင်မှူးတစ်ယောက်မလှုပ်ရဲတော့။ထိုလူရဲ့အသက်ရှူတာကို သူ့ရဲ့ဂုတ်ကနေခံစား‌နေရကာ ဖြူဖွေးနေတဲ့ တစ်ဖက်လူရဲ့လက်က အမဲရောင်ကြိုးကွင်းတစ်ချို့ကိုသူမြင်နေရသည်။ထိုလူရဲ့ကျန်လက်တစ်ဖက်က ဟူဒီထဲကနေ သူ့ဗိုက်သားနဲ့ရင်ဖက်တွေကိုပွတ်သပ်လာသည်။

""ရပ်လိုက် မလုပ်နဲ့""

သက်ပိုင်မှူး တတ်သလောက်ပြန်ရုန်းကန်ပေမယ့် တစ်ဖက်လူက သန်မာလွန်းတာကြောင့်လုံးဝအရာမထင်ပေ။တစ်ဖက်လူရဲ့လက်တွေက သူ့ဘောင်းဘီထဲလျှိုဝင်လာသလို သူ့လည်ပင်းသားကိုလျက်လာကာ အမှတ်အသားပေါ်လာအောင် ပြင်းပြင်းစုပ်လိုက်သည်။

Stalker Where stories live. Discover now