Part 2

13 1 0
                                    

သူမပြန်သွားသည်နှင့် Grace ရုံးခန်းထဲသို့သွားကာ အဝတ်အစားလဲပြီး အလုပ်ဆက်လုပ်‌‌ လေ၏။သို့သော် အာရုံစိုက်၍မရ။အလုပ်တွဲလုပ်မည့် CEO လေးအကြောင်းတွေးမိနေ၍ဖြစ်သည်။
သည်လိုနှင့် ညနေ 4 နာရီထိုးသွားသည်။သူ၏လက်ပက်နာရီမှာငုံကြည့်ကာ 4နာရီထိုးသည်ကိုမြင်လျှင် ကျေနပ်သည့်အပြုံးကို ပြုံးကာ ရုံးဆင်းရန် ထွက်လာ‌လေသည်..။
အမြဲတမ်းအလုပ်‌နောက်ကျမှပြန်တက်သော
Boss သည် ယနေ့ကျမှ ရုံးမဆင်းခင် 2 နာရီ အလိုကတည်းကပင်ပြန်သဖြင့်အံ့ဩနေကြသည်။
.
.
အိမ်ရောက်သည်နှင့် ရေချိုး ကာ အဝတ်အစားကို ထိုင်ရွေးနေလေသည်။
15 မိနစ်ကြာသောအခါမှ
"ဟ..သိပြီ Mommy ပို့ထားတဲ့ jacket နဲ့ Style pants ဝတ်ရမှာပေါ့"
အင်္ကျီအဝတ်အစားလဲပြီးသည်နှင့် ပခုံးလောက်ရှိသည့်ဆံပင်အား အကြိမ်၁၀၀လောက်ဖြီးလေတော့သည်။
Gucci Brand ရေမွှေးကို စွတ်ကာ Confident ရှိစွာ အပြင်အားထွက်၍
" သွားမယ်"
"ဘယ်ကိုလဲ Boss"
"The Golden Leaf" Restaurant ကို"
.
.
.
.
At "The Golden Leaf" Restaurant
"Boss,ဘယ်နာရီချိန်းထားတာလဲ"
(ပထမနေ့က Driver မဟုတ်)
"ဘယ်ချိန်ဖြစ်ဖြစ်ပေါ့ကွာ သွား အပြင်ထွက်စောင့်နေ"
ချိန်းထားတာက 6 နာရီ၊Grace ရောက်တော့
5:30 ပဲရှိသေး၏။ထို့ကြောင့် တစ်မေ့တစ်မောစောင့်ပေရဦးမည်။‌
"ဘယ်သူရေမွှေးပုလင်းမောက်ကျလာတာလဲမသိဘူး"
"အေးလေ ဟုတ်ပါ့"
Grace ဘေးနားရှိ စားပွဲဝိုင်းများမှ စကားသံများကို သူ့နားနှင့်ကြားတော့မှ ကိုယ်ကို ကိုယ်ပြန်ငုံကြည့်ရာ သူမ၏ နှာခေါင်းထဲသို ရေမွှေးအနံသည် ထောင်းခနဲ ဝင်လာ၏။
'ငါ ရေ‌‌မွှေးစွတ်တာ လက်လွန်သွားပြီ'
ဟု တွေးရင်း ရယ်လလိုက်မိသည်။
ထိုအချိန် စားသောက်ဆိုင်တံခါးမှာ ပွင့်လာပြီး ဆိုင်ထဲသို့အမျိုးသမီးတစ်ယောက်ဝင်လာသည်။Grace လှမ်းကြည့်လိုက်သည်။ထိုအမျိုးသမီးသည် အနက်ရင် မိန်းမဝတ် Blouse အားဝတ်ဆင်ထားပြီး နှုတ်ခမ်းအားအနီရောင်ခပ်‌ဖျော့ဖျော့ကလေးဆိုးထား၏။
"လှလိုက်တာဗျာ"
သေချာပေါက် ထိုအမျိုးသမီးသည် ညို့ယူနိုင်သည့်မျက်ဝန်းတစ်စုံပိုင်ရှင်"လင်းဧကရီသွန်း" ဖြစ်၏။
"ဘာပြောလိုက်တာလဲ"
"အယ်..ဟိုဟာ...ဘာမှမဟုတ်ပါဘူး အပြင်က ဖြတ်သွားတဲ့ ကားလေးလှလို့"
"အော် အဲ့လို့လား ဟုတ်ပါပြီ"
ထိုသို့ပြောကာ ထိုင်ခုံအားဆွဲ၍ ထိုင်လိုသည်။
"ဘာစားမလဲဗျ ကြိုက်တာသာမှာ"
"လူ"
"ဗျာ"
"Steak ကိုပြောတာ Medium Rare လောက်"
"အော် အိုကေ"
Grace waiterအားကြည့်၍ပြောလိုက်သည်။
"Steak medium rare နှစ်ပွဲ Red Wine နှစ်ခွက်"
"ဟုတ်ကဲ့ ခဏလောက်စောင့်ပေးပါဗျ"
Waiter အားပြောမိသည်နှင့် သူမ၏ မျက်နှာအား "လင်းဧကရီသွန်း"ဘက် လှည့်လာသည်။
"ဒီက နာမည်က Grace Patricia Boganမလား"
"ဟုတ်ပါတယ်"
"Grace လို့ပဲခေါ်ရင် ရတယ်မလား"
"ရတာပေါ့"
ထိုမြင်ကွင်းကို Grace ၏Driverစားသောက်ဆိုင်၏ မှန်မှတစ်ဆင့် ကြည့်ကာ
တစ်ယောက် ရေရွတ်နေသည်။
"ပုံမှန်တိုင်းကျ မျက်နှာကခပ်တည်တည် လေသံက ခပ်မာမာ နဲ့နေပြီး အခုကျ တစ်မျိုးဟ"
"Steak နဲ့ Red Wine ပါ"
Waiter ဟင်းပွဲအားလာချပေးသည့် အချိန်မှ စ၍ သူတို့၏စားပွဲဝိုင်းလေးမှာ တိတ်ဆိတ်သွားလေသည်။
.
.
.
.
Grace စားပြီးတဲ့အခါ စားပွဲဝိုင်းမှ ထကာ ငွေသွားရှင်းလေသည်။Waiter မှတစ်ဆင့် bill တောင်း၍ရသော်လည်း သူ၏အရှေ့ရှိအမျိုးသမီးမှ လုရှင်းမှာကို စိုးရိမ်း၍ဖြစ်သည်။
"ကျွန်တော်လိုက်ပို့မယ်လေ"
"ရတယ် ကျွန်မမှာ ကားပါလာတယ်"
"အော် ဟုတ်ကဲ့"
Grace ၏စိတ်ထဲတွင် 'shit..လိုက်ပို့ပြီးရင် ig accလေး တောင်းမို့ဟာကိုကွာ'
"Grace"
‌သူ့နာမည် ခေါ်သံအားကြားလိုက်၍ ပြန်လှည့်ကြည့်လိုက်သည်။
"Ig account လေးပေးလိုက်လေ လိုရမယ်ကပေါ့"
"အိုကေ Username က gracepatricia02ပါ"
"Add လိုက်ပြီနော်"
"အိုကေ နောက်မှတွေ့မယ် Bye"
"Bye"

"The Golden Patrick Group"ရဲ့ CEO ပီသစွာဖြင့် မုန့်ရသွားသော ကလေး၏မျက်နှာဖြင့် ဆိုင်ထဲမှ ထွက်လာလေ၏။
"Boss,တော်တော် ပျော်နေတယ် ထင်တယ်"
"အေး..ဟာ မဟုတ်ပါဘူး မင်းနဲ့ဘာဆိုင်လို့လဲ
ကားပေါ်တက်စရာရှိတက် ပြီး အိမ်ကိုမောင်း"
"ဟုတ်ကဲ့ပါဗျ"

"ဟီးဟီး ခ်ခ်"
"Boss,ရယ်နေတာလား"
"ဟာ ကားမောင်းမှာလား မျက်နှာပြောင်မှာလား လစာကိုထက်ဝက်လျှော့လိုက်ရင် ကောင်းမယ် ထင်တယ်"
"Boss ကလဲ စတာပါ"
ထို့ကြောင့် Driver လေးလဲ မစရဲတော့ပဲ ကားပေါ်တက်ကာ အိမ်အရောက်လိုက်ပို့ရ၏။
.
.
.
.
_________________________

"Regret"Where stories live. Discover now