At Home
ကားပေါ်တွင် တစ်လျှောက်လုံး ပြုံးရွှင်လာသော မျက်နှာ သည် အခုချိန်ထိ မတည်နိုင်သေးပေ။သူမ အိမ်ရောက်သောအခါ ၈ နာရီခွဲနေလေပြီ။
"သခင်မလေး ပြန်လာတာနောက်ကျတယ်နော် ထမင်းခူးလိုက်ရမလား"
"ရတယ် ငါစားလာပြီးပြီ"
"ဟုတ်ကဲ့"
"နွားနို့ တစ်ခွက်လောက်ကျိုပေး မနက်စာက တခြားတစ်ခု စီစဉ်လိုက်"
"ဟုတ်ကဲ့ သခင်မလေး"
အိမ်အကူ ဝင်းလဲ့သော် အား ပြောပြီးနောက် အိမ်ကြီး ၏လှေကားအတိုင်း သူမ၏ အိမ်ခန်းထဲ သို့ တက်လာခဲ့သည်။
"သခင်မလေး ဒီနေ့ ပျော်လာတယ်ထင်တယ် ပြုံးနေတာပဲ"အိမ်အကူ ဝင်းလဲ့သော် မှ စားတော်ကဲကြီး ဒေါ်ထွေးလေး အားလှမ်းပြောလိုက်သည်။
အိမ်မှရှိသမျှလူအားလုံးက ဒေါ်ထွေးလေးအား ဒေါ်ကြီးဟုပဲ အလွယ်ခေါ်ကြသည်။"အေး သခင်မလေး အဲ့လိုပြုံးတာ မတွေ့ဖူးဘူး အံမယ် အဲ့လိုတွေ့ရတော့ ညည်းကျေနပ်နေတာမလား"
"ဟာ မဟုတ်ပါဘူး ဒေါ်ကြီးရယ်"
"အမလေး လိမ်မနေစမ်းပါနဲ့ ငါသိပါတယ်
ငါညည်းထက် ထမင်းအရင်စားလာတာပါအေ"
"ဟိုဟာ..သမီး နွားနို့ကျိုလိုက်ဦးမယ်"
"ကြည့်စမ်း ရှက်သွားတာ"
ဒေါ်ကြီးသည် ခေတ်တော့ နောက်မကျလှပေ။မိန်းကလေး ချစ်သည်ကိုလည်း အချစ်ဟု သူမ လက်ခံထားသည်။အပေါ်ထပ်ရှိ အိမ်ခန်းထဲတွင် Grace တစ်ယောက် ထဲ စကားပြောကာ အလုပ်ရှုပ်နေသည်။
"IG မှာ အပ်ထားတာ လက်ခံပြီး စကားစပြောရင် ကောင်မလား သူလာပြောတာ စောင့်ရင်ကကောင်းမလား ဟာ မသိတော့ဘူး"
'ဒေါက်ဒေါက်'
"အေးဝင်လာခဲ့"
တံခါးအားဖွင့်ကာ "ဝင်းလဲ့သော်" နွားနို့ခွက်ကိုင်ကာ ဝင်လာသည်။
"သခင်မလေး နွားနို့ရပါပြီ မနက်စာအတွက် ဘာစီစဉ်ပေးရမလဲ"
"ဒေါ်တိုး ဆိုင်က နန်းကြီးသုပ်ပဲ ဝယ်လိုက်"
"အာ..ဟုတ်ကဲ့"
သူမ သွားမည် အလုပ်တွင်
"ဟိုဟာ..နေဦး"
"ဟုတ်ကဲ့ သခင်မလေး"
"ဟို..ဟို..လူတစ်ယောက်ကို ဘယ်လို စကားစပြောရလဲ သိလား"
"ရှင်"
"မသိဘူးလား မသိရင်လည်း ထားလိုက်တော့ သွားလို့ရပြီ"
"ဟုတ်ကဲ့ သခင်မလေး"
ဟုပြောကာ သူမ အခန်းထဲက ထွက်လာသည်။သို့သော် စိတ်ထဲတွင်အဆင်မပြေပါ။သူမ ၏သခင်မလေး ချစ်ရတဲ့သူရှိနေပြီ ဆိုတာ သူမတွေးမိလိုက်သည်။ထိုအခန်း၏ ရှေ့မှာတင်ပင် သူမ၏မျက်ရည်များ ပါးပြင် မှ ကျဆင်းလာသည်။ကျလာသော မျက်ရည်များအား လက်ဖြင့် သုတ်ကာ သူမ၏ နားခန်းထဲသို့ ပြေးသွားတော့သည်။