~၂~

21 3 0
                                    

အတိတ်.....

*နှာခေါင်းသွေးလျှံတဲ့အထိတောင်လုပ်ရလား*

လည်တိုင်ကိုလက်တစ်ဖက်နဲ့ထိန်းကိုင်လို့ ကျနေဆဲဖြစ်တဲ့နှာခေါင်းသွေးတွေကိုသုတ်ပေးနေသော အမျိုးသားမှာ မျက်ခုံးတန်းထူထူတွေကိုတွန့်ချိုးထားကာ သူ့ကိုဆူပူလို့နေပေမဲ့ နွေးထွေးတဲ့ပုံပေါက်တဲ့မျက်ဝန်းညိုတွေမှာတော့ သူ့အတွက်စိုးရိမ်နေဟန်အရိပ်အယောင်တို့က အထင်းသားထင်ဟပ်လို့နေသည်

*မင်းလက်ကိုင်ပဝါ*

အဖြူစွပ်စွပ်လက်ကိုင်ပဝါဖြူမှာ ကြည့်မကောင်းလှစွာ သူ့သွေးတွေနဲ့စွန်းထင်းညစ်ပေသွားလေပြီ

*အဲ့ဒါကအရေးကြီးလား မင်း ကျွန်တော့်ကိုကြည့်*

ဘယ်တော့မှသူ့ခွင့်ပြုချက်ကိုမတောင်းခံတတ်တဲ့သူမှာ ဒီတစ်ခါလည်းပိုင်စိုးပိုင်နင်းနှင့်ပင် သူ့ပခုံးစွန်းတွေကိုဆုပ်ကိုင်လို့ သူနဲ့မျက်လုံးချင်းဆုံစေပြန်တယ်

*ကျွန်တော်စိတ်မချရအောင် မနေလို့မရဘူးလား*

သိသိသာသာပျော့ပျောင်းလာတဲ့လေသံနဲ့အတူ ပိုပြီးတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာတဲ့ပခုံးပေါ်ကလက်တွေ

*ဟူး အဲ့လိုကြောင်ပေါက်လေးလိုသနားစရာရုပ်လေးလုပ်ပြနေမှတော့ ဘယ်သူကဆက်ဆူရက်တော့မှာလဲ*

ပြောပြောဆိုဆိုနှင့်ပင် အတင့်ရဲစွာ သူ့နှာခေါင်းထိပ်ကို လက်ညှိုးကွေးနဲ့ခပ်ဖွဖွတစ်ချက်လာထိပြန်သည်

*မင်း!*

ဘာတွေကိုသဘောကျနေပြန်မှန်းမသိပေမဲ့ နှုတ်ခမ်းထောင့်စွန်းတွေကွေးညွှတ်သည်အထိ ပြုံးကာသူ့ကိုကြည့်နေတဲ့ထိုလူကြောင့် နောက်ထပ်ထိုသို့တရင်းတနှီးအပြုအမူမျိုးတွေထပ်မလုပ်ဖို့သတိပေးစကားကို ဒီတစ်ခါမှာတော့ပြောဖို့ရန် သူမော့လျော့လို့သွားခဲ့မိပါသည်

*ကျွန်တော်အတည်ပြောနေတာ ကျွန်တော်စိတ်မပူရအောင်နေပေးလို့မရဘူးလား ဟင်*

*ငါဘာလုပ်နေလို့လဲ စာလုပ်ရင်းသူ့ဟာသူဖြစ်သွားတာကို*

နေပါဦး သူကဘာလို့ ဒါတွေကိုရှင်းပြနေမိတာလဲ

ရွက်ကြွေ🍂Donde viven las historias. Descúbrelo ahora