🤚Chapter 84
ဝမ်ယွီကို သူ့ရင်ခွင်ထဲတွင် ပွေ့ချီထားလိုက်စဉ်တည်းက ဝမ်ကောအန်း၏အတွေးများ ပြောင်းလဲသွားသည်။
“ငါအစက တွေးခဲ့တာ မင်းအမေက အသက်ကြီးလာလို့ ကလေးလိုချင်ရင် သူ့ကို ငါ့အကြောင်းဝန်ခံပြီး ကလေးမွေးစားမယ်ပေါ့... တကယ်လို့ သူ့သွေးသားကိုပဲ လိုချင်တယ်ဆိုရင် ငါတို့သင့်တော်တဲ့ သုတ်ပိုးအလှူရှင်ကို ရှာပြီး သူ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဖန်ပြွန်သန္ဓေသားနဲ့ မွေးနိုင်တယ်... ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားတာက သူကဦးနှောက်မရှိဘဲ အရာအားလုံးကို စီစဉ်ထားမယ်လို့ပေါ့...”
ဝမ်ကောအန်းက ဆိုသည်။
"မင်းကို ငါ့ရင်ခွင်ထဲမှာ ချီထားလိုက်တဲ့အချိန် တခြားသူရဲ့ကလေးကို ဘာလို့မွေးစားရမှာလဲဆိုပြီး ရုတ်တရက် သဘောပေါက်သွားခဲ့တယ် ကံကြမ္မာက ငါ့ဆီ ကလေးတစ်ယောက်ကို ပို့ပေးပြီးသား မဟုတ်ဘူးလား..."
“ပိုကောင်းတာက မင်းအမေနဲ့ မင်းအဘိုးအဘွားတွေ အပါအဝင် လူတိုင်းက မင်းကို ငါ့ကလေးလို့ပဲ ထင်နေကြတာ... မင်းငါ့ကို မင်းအဖေအဖြစ်မှတ်ယူထားသလို ငါကလည်း မင်းကို ငါ့ကလေးလို့ မှတ်ယူထားလို့ မွေးစားကလေးလို့ ခေါ်တာထက်တောင် ပိုကောင်းတဲ့ ဒီဝန်းကျင်ထဲမှာ မင်းကြီးပြင်းလာခဲ့တယ်လေ..."
ဝမ်ကောအန်းက နောက်ဆုံးတွင် သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့သည်။ ဝမ်ယွီကို သူ့ကလေးအဖြစ် ဆက်ဆံရန် ဆုံးဖြတ်ထားသောကြောင့် ဤကလေး၏ မိဘအရင်းများကို အနှောင့်အယှက်မပေးတော့ ဟူ၍ပင်။
သူက ငယ်စဉ်အခါက စိတ်လိုက်မာန်ပါလုပ်ပြီး အပျော် ရှာလေ့ရှိသည်။ အသက်ကြီးလာသည်နှင့်အမျှ ကိစ္စရပ်တိုင်းတွင် နေရာလွတ်ထားရန် အရေးကြီးကြောင်း သူသဘောပေါက်လာသည်။ ဤသို့ မသေချာမရေရာသော လောကကြီးတွင်ဝမ်ယွီက အမှန်တရားကို မည်သည့်အချိန် ရှာတွေ့သွားမည်ကို သူ အာမမခံနိုင်ပေ။
သူနှင့် ဝမ်ယွီကြားတွင် ဖုံးကွယ်စရာနေရာမရှိတော့ပေ။
ထို့ကြောင့် ချန်းလျန်နှင့် ယန်ယွမ်ကို လွှတ်ပေးလိုက်သည်။ ယင်းအစား သူက ဝမ်ယွီအား ပြီးပြည့်စုံသော မိသားစုတစ်ခုနှင့် ဖြည့်ဆည်းပေးကာ ချန်လျန်အား ဤမိသားစုနှင့် ပေါင်းစည်းရန် ဆန္ဒရှိခဲ့သည်။