Ch 1

8.4K 56 1
                                    

Ch 1

"ငြိမ် ခင်များအခုထိဝင်မလာသေးဘူးလား!"

အခန်းတွင်းက အော်ရှရှနဲ့စိတ်မရှည်တဲ့အသံက မနက်ခင်းနဲ့အတူ ငှက်တွေကိုပါ အော်နိုးလိုက်သလို။

နောက်တော့ ရွှေညိုရောင်တံခါးကြီးက ပွင့်သွားပြီး မိန်းမပျိုလေး၃ယောက်နဲ့အတူ ယောကျာ်းတစ်ယောက်ဝင်လာတော့သည်။

"စက်လေးမနိုးသေးဘူးထင်လို့ အပြင်မှာစောင့်နေတာပါ"

"လာထူပေး"

အရမ်းခမ်းနာတဲ့အိပ်ရာကြီးပေါ်က ကိုယ်တုန်းလုံးနဲ့ယောကျာ်းပျိုကတော့ သူ့နားလာနေတဲ့မျက်မှန်နက်လေးကို လက်ကမ်းပေးလိုက်သည်။

စက်ရှိန် လက်သွယ်သွယ်လေးကိုခနကြည့်ရင်း အိပ်ရာပေါ်ဆွဲချလိုက်တော့ သူ့ရင်ဘတ်ကြီးပေါ် ပြုတ်ကျလာ‌သည်လေ။

"ငြိမ်ကအားမရှိလိုက်တာ"

"ရုတ်တရက်ကြီးမဆွဲနဲ့လေ"

သူ့ရင်ဘတ်ကို တစ်ဘုတ်ဘုတ်ရိုက်နေတာကြောင့် စက်ရှင်အသည်းယားသွားလို့ ခါးသိမ်သိမ်ကို လက်ရာထင်အောင် ညစ်လိုက်၏။

"သွေးစက်ရှင်!!"

ဒေါသသံတွေပါနေပြီမို့ လွတ်လိုက်ပြီး

"ငြိမ်ကကျွန်တော့ကိုအော်တယ်။ မေမေကိုပြောလိုက်တော့မယ်။ငြိမ်က ကျွန်တော့ကိုအနိုင်ကျင့်တယ်ဆိုပြီးတော့"

မျက်နှာတစ်ချက်မပျက်ဘဲ ပြောနေသူကို ငြိမ် မျက်လုံးလိမ့်ပြလိုက်ပြီး

"နောက်ဆိုမအော်တော့ဘူး။မမကို သွားမပြောနဲ့"

"ဟားဟားဟား"

ဆူပုတ်ပုတ်နဲ့ သုံး‌ဆယ်ကျော်ဦးလေးကြီးက အရမ်းချစ်ဖို့ကောင်းတာကြောင့် စက်ရှင်မှာ ရယ်တာမရပ်နိုင်တော့။

ငြိမ် သူ့ထက် ခေါင်းတစ်လုံးတောင်သာတဲ့ကိုယ်ကြီးကို သေချာမလိုက်ရင်း သန့်စက်ခန်းသွားကာ ကိုယ်လက်သန့်စင်ပေးရသည်။

တကယ်က ငြိမ်ကို ဟိုထိဒီထိလုပ်ချင်လို့ တမင်ခိုင်းနေရုံတင်။

စက်ရှင် ကျောင်းယူနီဖောင်းဝတ်ပြီးတော့ မေမေနဲ့မနက်စာစားလိုက်သည်။

Baby rich kid_Where stories live. Discover now