Part-1

12 3 1
                                    

"I wanna do what do what' s "Best For You"
hitorijanai By your saide I' m your best friend
chikaku ni itai furetaikedo Best friend
ima wa ienai I love your smile mada Best friend"

ဖုန်းထဲမှ ရုတ်တရက် ထွက်ပေါ်လာသည့် ထိုသီချင်းသံစဉ်တစ်ခုဟာ Tatsuhiroကို အိမ်မက်ကမ္ဘာထဲမှ လက်တွေ့ဘဝဆီသို့ ခေါ်ဆောင်လာခဲ့သည်။

Tatsuhiroလေးလံနေသည့် မျက်လုံးတစ်စုံကို အားယူကာ ဖွင့်လိုက်ရင်း ဖုန်းမှ Alarmကိုလည်း ပိတ်လိုက်သည်။ အိပ်ယာအထက်ဝယ် တစ်ချက်လောက် အကြောဆန့်ပြီးမှ ထထိုင်ကာ နံရံမှာချိတ်ထားသော ပြက္ခဒိန်ကိုကြည့်ရင်း ပြုံးလိုက်မိသည်။

October 27, 2028

"နောက်ဆုံးတော့ ငါ သူနဲ့ပြန်တွေ့ရတော့မယ်"
Tatsuhiroထိုစကားလေးကို တိုးတိုးလေးရေရွတ်လိုက်ကာ အိပ်ယာထဲမှထွက်ရင်း အပြင်သွားဖို့ရန် ပြင်ဆင်တော့သည်။

ပုံမှန်ဆိုလျှင် မနက်၁၀နာရီကျော်မှ ထတတ်သည့် ကောင်လေးမှာ ဒီနေ့တွင်တော့ထူးထူးခြားခြား မနက်၇နာရီကတည်းက နိုးနေကာ တက်ကြွနေလေသည်။ ရေချိုးကာ ဝတ်နေကျပုံစံဖြစ်သည့် T shirtအဖြူလေးကို အပေါ်မှလက်ရှည်အပြာ‌ရောင် အပါးလေးထပ်ဝတ်ရင်း အောက်မှဘောင်းဘီအနက်လေးနှင့် ပေါ့ပေါ့ပါးပါးပင်တွဲဝတ်လိုက်သည်။ ဆံပင်ကိုလည်း အရှေ့သို့ ခပ်အုပ်အုပ်လေးများဖြစ်အောင် သေချာကို ပုံသွင်းရင်း ကိုယ့်ကိုယ်ကိုယ် မြင်နေရသည့် မှန်ထဲကပုံရိပ်ကိုကြည့်ကာ Tatsuhiroကျေနပ်နေမိသည်။

"အထက်တန်းနှစ်က ငါ့ကိုယ်ငါပြန်မြင်နေရသလိုပဲ။ ပြီးတော့ မင်းကိုတွေ့ရဖို့လည်း မစောင့်နိုင်တော့ဘူး Minako-Chan"

Minako-Chanဆိုသည်မှာ Futajima Minakoဖြစ်သည်။ Tatsuhiroရဲ့ အလယ်တန်းမှ အထက်တန်းအထိ အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့သည့် ကောင်မလေးပင်။ ပြီးတော့ Tatsuhiroရဲ့ တစ်ဦးတည်းသော အချစ်ဦးဖြစ်ခဲ့သူ။

Tatsuhiro စီးနေကျ စက်ဘီးလေးကို ယူကာ mini marketဆိုင်လေးရှိရာသို့ ဦးဆုံးထွက်ခဲ့သည်။ မနက်စာကို အမြဲဖြစ်သလိုသာ စားလေးရှိသည့် Tatsuhiroအတွက် ဒီနေ့လည်း Onigiriနှစ်ခုနှင့် ကော်ဖီ‌ပူပူလေး တစ်ခွက်ကိုသာဝယ်လာရင်း အနီးနားက ပန်းခြံမှခုံလေးတစ်ခုဆီကို ရောက်လာခဲ့သည်။ အချိန်အားဖြင့် ၉နာရီခွဲသာရှိသေးသည်လေ။ Minakoနှင့်ချိန်းထားသည်က ၁၁နာရီမှမလို့ သူ့အတွက်အချိန်အလုံအလောက်ရသေးသည်။ ဒါကြောင့်ဝယ်လာသည့်မနက်စာကို အေးအေးဆေးဆေးထိုင်စားနေမိရင်း အတွေးများကလည်း လွန်ခဲ့သည့် နှစ်တွေဆီသို့ ပြေးလွှားသွားမိသည်။

𝐒𝐞𝐜𝐨𝐧𝐝 𝐋𝐢𝐟𝐞Where stories live. Discover now