Part-7

9 3 0
                                    

မနက်ဖြန် စာမေးပွဲဖြေရမယ့်နေ့ကို ရောက်ပြီဖြစ်တာကြောင့် Tatsuhiro အတန်းထဲ၌ ခြေငြိမ်နေလေသည်။ မနက်ဆို ကျောင်းသို့ အစောကြီးလာကာ စာလုပ်သလို၊ ထမင်းစားဆင်းချိန်၌လည်း အရင်လိုအလေမလိုက်ပဲ အတန်းထဲ၌သာ စာလုပ်နေလေသည်။ အတိတ်ကို ပြန်ရောက်လာပြီးမှ စာမေးပွဲကျ‌သည်ဆိုလျှင် သူ့ imageထိခိုက်တယ်ဆိုသည့် စိတ်နှင့် အစွမ်းကုန်ကြိုးစားနေသည်လေ။

အခုလည်း ညနေထမင်းစားဆင်းချိန်တွင် အတန်းထဲ၌ သိပ္ပံစာအုပ်ထဲ ခေါင်းဝင်မတတ် စိုက်ကြည့်နေပြန်သည်။

"Tacchan....ဒီမှာ နင့်ဖို့မုန့်ဝယ်လာတယ်"

Minakoမှာ Tatsuhiroဘေးရှိ ခုံ၌ဝင်ထိုင်ရင်း ဝယ်လာခဲ့သည့် ပေါင်မုန့်လေးအား Tatsuhiroထံသို့ပေးလာသည်။ ထို့ကြောင့် Tatsuhiroလည်း စာအုပ်ကိုကြည့်နေရာမှ သူ့ဘေးရှိ Minakoကိုကြည့်ကာ ပြုံးပြလိုက်သည်။

"ကျေးဇူးပါ Minako-Chan"

"အင်း....စာတွေရောရပြီလား"

"နည်းနည်းပဲရသေးတယ်။ ဘာလို့ စာတွေက ဒီလောက်ခက်နေရတာလဲ"

"ခက်ပေမယ့်လည်း မလုပ်လို့မရပြန်ဘူးလေ"

"နော်....မလုပ်ချင်ရင်တောင် လုပ်နေရတာ အရမ်းပျင်းဖို့ကောင်းတာပဲ"

"ဒီစာမေးပွဲအတွင်းပဲ သည်းခံလိုက်အုံး Tacchan. စာမေးပွဲရင် ငါတို့ Dateကြမယ်လေ"

Minakoထံမှ Dateကြမယ်ဆိုသည့် စကားကို ကြားရချိန်တွင် Tatsuhiroစိတ်လှုပ်ရှားမိသွားသည်။

"Dateကြမှာလား?"

"အင်းလေ...ဘာလို့လဲ မအားဘူးလား? ကြိုချိန်းထားတာတွေရှိလို့လား?"

"ဟင့်အင်း....မရှိဘူး အရမ်းကို အားတယ်ရယ်။ သွားမယ် သွားလို့ရတယ်"

Tatauhiro ပျော်ရွှင်စွာဖြင့် အမြန်လက်ခံလိုက်လေသည်။

"ပြီးတော့ ငါ နင့်ကိုပြောစရာရှိသေးတယ် Tacchan"

Minakoမှာ Tatsuhiroကို အလေးအနက်ကြည့်ရင်း ပြောလာသည်မလို့ Tatsuhiroလည်း စိတ်ဝင်စားစွာ Minako ပြောလာမည့် စကားကို နားထောင်နေမိသည်။

"အဲ့နေ့ကြရင်...ငါ....ငါ..."

စကားကို အဆုံးထိမပြောပဲ အနည်းငယ်ရှက်နေသည့်ဟန်ဖြင့် တွန့်ဆုတ် တွန့်ဆုတ်လုပ်နေသည့် Minakoကို ကြည့်ကာ Tatsuhiroပါ စိတ်လှုပ်ရှားလာရသည်။

You've reached the end of published parts.

⏰ Last updated: Sep 05 ⏰

Add this story to your Library to get notified about new parts!

𝐒𝐞𝐜𝐨𝐧𝐝 𝐋𝐢𝐟𝐞Where stories live. Discover now