Part - 2

200 18 9
                                    

Unicode Version *

Love in university ..

ညရောက်တော့ အနုပညာမေဂျာက ဖြစ်တဲ့ WinnySatang , AouBoom နဲ့ အင်ဂျင်နီယာမေဂျာက JoongDunk တို့ကတော့ အစောကြီး ရောက်နှင့်နေပြီ ဖြစ်သည် ။ ဒီနေ့ဖူဝင်း၏ အန်တီသည် အလုပ်ကိစ္စဖြင့် ခရီးသွားရမှာမလို့ အပီအပြင်ကဲလို့ရမည်ဖြစ်သည် ။

ဖူဝင်းအိမ်ရောက်တော့.. အန်တီက

" ဖူဝင်းက အပေါ်မှာ သားတို့ သူခနအိပ်နေလို့ .."

" ရပါတယ်..အန်တီ သားတို့ဘာသာပြင်လိုက်မယ်လေ နော်.."

" ဟုတ်တယ် အန်တီ အေးဆေးလုပ်ပါ ရတယ်.."

" အေးအေး အန်တီ ခနနေ သွားခါနီး နှိုးလာခဲ့မယ်.."

" ဟုတ်ကဲ့ပါဗျ.."

သူတို့ချစ်သူငယ်ချင်းကြီးက ကာလနဂါးဆိုတာသိပေမဲ့လည်း ဒီအချိန်ကြီး သေနေမည်ဟုမတွေးခဲ့ဖူးပါ ။ အခုတော့ သူတို့ပဲ ပြင်ရတော့ပေမည် ။

စားပွဲတွေနေရာချ ၊ ထိုင်ခုံတွေပြင်ကာ စားစရာ သောက်စရာတွေ ပြင်ဆင် ပြီးတော့ ဟိုသကောင့်သား 3ယောက် ရောက်လာပါပြီ။ ဖွန်းနာရာနှင့်ဂျီမနိုင်ဖို့တို့သာ ။ ဒန်ကနေပြီး..

" နောက်ကျလိုက်တာကွာ..ထိုင်ထိုင်"

" အေး နာရာဝစ်ပေါ့ ဒီအချိန်ကြီး သေတော်မူနေလို့ သွားခေါ်နေရတာ.."

" လင်မယားတွေများ တူနေလိုက်တာနော်.."

" ဘာကြီးလဲ Satang .."

" ဘာဖြစ်ရမလဲ ဖို့ဖို့ရယ်.. ဖူဝင်းလဲ အိပ်နေတာလေ.."

" ဟော.. ပြောရင်းဆိုရင်းလာပြီ ဟိုမှာ.."

အန်တီ့နောက်မှာ အိပ်ချင်မူးတူးဖြင့် အထုပ်လေးဆွဲကာ လက်တစ်ဖက်က သူ့ကြောင်လေး Hanabi ကို ပိုက်လျက်ထွက်လာတဲ့ ဖူဝင်းတန်က ချစ်စရာအတိ ။

" အန်တီ သွားတော့မယ်နော်..သားတို့"

" ဟုတ်ကဲ့အန်တီ.."

" ဖူဝင်းကို ဂရုစိုက်ပေးကြအုန်း သူက.. မူးလာရင် သိတဲ့အတိုင်း.."

" မသွားတော့ဘူးလား.."

ဖူဝင်းရဲ့ အိပ်ချင်မူးတူးအသံနဲ့ ရန်တွေ့လာကြောင့်..

Love In University Where stories live. Discover now