Keep It Secret
" အခုတစ်လော မင်းနဲ့ Hao နဲ့ကဘာတွေဖြစ်နေကြတာလဲ ... ဟမ်? အရမ်းတွေပူးကပ်ပြီးတော့ ... "
Jeonghan သည် သူ့အား ထိုကဲ့သို့စကားမျိုးပြောလာသော အမျိုးသားထံ စိတ်ညစ်စွာ မျက်စောင်းထိုးကြည့်လိုက်သည် ။
" တကယ်ကြီးလား? အခုလိုမျိုး ငါ့ကိုမနားတမ်းလုပ်နေပြီးတော့ အဲ့လိုစကားမျိုးပြောထွက်သေးတယ်ပေါ့? "
ကန့်သတ်ထားသည့်သီးသန့်နယ်မြေတစ်ခု၏ အလယ်ဗဟိုတွင်ရှိသော စွန့်ပြစ်ခံအိမ်အဟောင်းကြီးတစ်ခုထဲတွင် အော်ညည်းသံများနှင့် ငိုယိုသံများသည် ပူးတွဲကာ ပေါ်ထွက်လျက်ရှိနေသည် ။ အောက်ကြမ်းပြင်တွင် ကောက်ရိုးမျှင်များသာခင်းကျင်းထားသော မျက်နှာပြင်ပေါ်၌ ခန္ဓာကိုယ်နှစ်ခုသည် တစ်ကိုယ်နှင့်တစ်ကိုယ်ပူးကပ်ကာ အချင်းချင်းယှက်တွယ်ချိတ်ဆက်ထားလျက်ရှိသည် ။
" ဟုတ်တာပေါ့ ။ မင်းအခုဘယ်သူ့ဆီမှာဘဲခံနေရလဲဆိုတာကိုတွေး ။ အဲ့တာကြောင့် တခြားလူတွေအနားမကပ်နဲ့ "
Jeonghan သည် Seungcheol ၏ အပြောအား ပြန်လည်ရန်တွေ့တုံ့ပြန်ချင်ခဲ့သော်လည်း တစ်ဖက်ရှိအမျိုးသားမှ သူ၏အဓိကနေရာကလေးအား ခပ်ပြင်းပြင်းထိခတ်သွားသည့်အခါ သူ၏နှုတ်ဖျားမှ ဝေဖန်သံအစား အော်ညည်းသံတစ်ခုသာ ကျယ်လောင်စွာထွက်ပေါ်လာသည် ။
" သူမင်းရဲ့ပုံကိုတောင်ဆွဲပေးထားသေးတယ်ဆိုလား ... ဟမ်? "
Jeonghan သည် သူနှင့် Minghao အတူရှိနေခဲ့သည့်အကြောင်းကို Seungcheol အား ဘာမှမပြောပြထားသော်လည်း သူ၏တစ်နေ့တာလှုပ်ရှားမှုများအားလုံးကို သိနေသော အမျိုးသားကို Jeonghan နည်းနည်းတော့ ကြောက်မိနေပြီဖြစ်သည် ။ သူ၏တစ်နေ့တာကိုအမြဲစောင့်ကြည့်နေသောဤလူကြောင့် Jeonghan မှာညဘက်တောင်အေးဆေးမအိပ်ရဲပေ ။
ထို့နောက် Seungcheol သည် သူ၏ပြင်းထန်လှသောဆောင့်ချက်များအကြား စိတ်နှင့်လူနှင့်မကပ်သည့် Jeonghan အား မေးခွန်းများစွာကို မေးကာ အာရုံများကိုလွင့်ပြယ်စေခဲ့သည် ။ Jeonghan ဘက်မှ ပြန်မဖြေမိဘဲ မျက်လုံးများမှိတ်ကာ နှုတ်ခမ်းကိုသာမြဲမြဲကိုက်ထားမိလျှင်လည်း ထိုလူ၏လက်များသည် Jeonghan ၏ ပေါင်အတွင်းသားများဆီသို့သွားရောက်ကာ ဖြူဖွေးသောအသားရောင်တို့အထက် အနီရောင်အရာများထင်ကျန်ခဲ့သည်အထိ ကြမ်းတမ်းစွာဆုပ်ကိုင်ထားခဲ့သည် ။
YOU ARE READING
Types Of Color
Fanfiction[ ONESHOTS COLLECTION ] Choi Seungcheol x Yoon Jeonghan ๑ Written In Burmese ๑ - Both translation and own work