Digger Bunny
Jeonghan ဒီမှာရှိမနေသင့်ပေ ။
ဘယ်သူကမှ သူ့ကိုဖိတ်ခေါ်ထားခြင်းမရှိပေ ။သို့သော်လည်း ဤလောကကြီး၌ သူတို့၏ဖိတ်စာများအား ကျပျောက်သွားတတ်သောကံဆိုးသူတို့နှင့် ထိုဖိတ်စာတို့ကို ရှာတွေ့တတ်သောကံကောင်းသူတို့မှာ အမြဲရှိနေတတ်သည်မလား ။
Jeonghan သည်ကံကောင်းသူတစ်ယောက်ဖြစ်ခဲ့သည် ။
သူ၏ဘဝတစ်လျှောက်တွင် တွေ့ကြုံရသမျှအရာအားလုံးသည် အမြဲကံကောင်းနေတတ်သည်။ ထိုအရာအားလုံးဆိုသည်မှာ ငွေရေးကြေးရေးမှတော့လွဲလျှင်ပေါ့ ... ။
သူ၏အဆင့်အတန်းမှာ မွဲတေနေခြင်းမျိုးမဟုတ်သော်လည်း ချမ်းမသာပေ ။ အကယ်၍ သူသာချမ်းသာနေခဲ့လျှင်လည်း ယခုကဲ့သို့ ဒေါ်လာ ၈၀၀ တန်အင်္ကျီကြီးကို လူမသိသူမသိခိုးယူလာစရာမလိုပေ ။သို့သော်လည်း မြေပြင်အထက်၌ ထိုပြောင်လက်နေသောဖိတ်စာလေးအား ကောက်ယူမိလိုက်သည်နှင့် Jeonghan ၏စိတ်ထဲတွင် အမည်မသိသောခံစားချက်များသည် လွှမ်းမိုးလာခဲ့သည် ။ ရိုးသားစွာဖြင့်ကောက်ယူကာဖတ်လိုက်သော်လည်း သူ၏မသိစိတ်မှာ သူ့အား ထိုပွဲသို့သွားကိုသွားရမည်ဟု တွန်းအားပေးနေခဲ့သည် ။ ထို့ကြောင့် ထိုနေရာသို့သွားမည်ဆိုလျှင်တော့ သူ့ထက်ငါမသာအောင်ဝတ်ဆင်ရမည်ဆိုသောဆုံးဖြတ်ချက်ကိုချကာ Jeonghan သည် ဤအဖိုးတန်အင်္ကျီအားခိုးယူခဲ့ခြင်းဖြစ်သည် ။
ထို့နောက် အဆိုပါဖိတ်စာအတွင်းဖော်ပြထားသောတည်နေရာဖြစ်သည့် bar အတွင်းသို့ ခြေစလှမ်းလိုက်သည်နှင့် Jeonghan သည် သူထိုကဲ့သို့ဆုံးဖြတ်ချက်ကိုချခဲ့သည်မှာ ကံကောင်းစွာဖြင့်မှန်ကန်ခဲ့ကြောင်းသိလိုက်ရသည် ။ အဘယ်ကြောင့်ဆိုသော် ဤရပ်ဝန်းအတွင်းရှိ လူများအားလုံးသည် နတ်ဘုရားများအားခစားရန်အတွက်ပြင်ဆင်ခဲ့သည်လားဟု ထင်မှတ်ရသည်အထိလှပတင့်တယ်နေသောကြောင့်ဖြစ်သည် ။
အကျဉ်းချုံးဝေဖန်ရလျှင် သူနှင့်အနည်းငယ်ကွာဝေးသောခုံတွင်ရှိသည့်အမျိုးသမီး၏ နို့နှစ်ရောင်ကိုယ်ကျပ်ဂါဝန်လေးသည် သူမ၏ခန္ဓာကောက်ကြောင်းနဲ့လွန်စွာကြည့်လှ လို့နေသည် ။ သူ၏ဘယ်ဘက်ခြမ်း၌ ဂါဝန်အတိုကလေးများနှင့် အမျိုးသမီးများသည်လည်း လှပလို့နေသည် ။ သူ၏အရှေ့ဘက်ရှိအမျိုးသားတို့မှာလည်း အမျိုးမျိုးအဖုံဖုံသောဒီဇိုင်းတို့ကိုဝတ်ဆင်ကာ ချောမောလို့နေကြပြန်သည် ။
YOU ARE READING
Types Of Color
Fanfiction[ ONESHOTS COLLECTION ] Choi Seungcheol x Yoon Jeonghan ๑ Written In Burmese ๑ - Both translation and own work