Rewards Of Patience

417 35 4
                                    

Rewards Of Patience
(Omegaverse & male pregnancy)

" Psst ... ရား Cheol "

အဆိုပါလူသည် သူ၏နာမည်ခေါ်သံအားကြားသည့်အခါ တစ်ချက်မျက်မှောင်ကျုတ်လျက် ‌တစ်ဖက်သို့လှည့်သွားသည် ။

" Cheol ထဦး ။ ငါတစ်ခုလိုတယ် "

ထပ်မံ၍ထိုလူသည် လုံးဝမလှုပ်ရှားလာပါဘဲ ညည်းတွားသံတစ်ခုသာပြုကာ ဆက်၍အိပ်လို့နေသည် ။

" Choi Seungcheol ထဦး! "

သို့ရာတွင် Jeonghan ၏ သေးငယ်သောဆူငေါက်သံလေးအကြား နှစ်ခြိုက်စွာအိပ်ပျော်နေသောသူသည် နောက်ဆုံးတော့နိုးထလာရတော့သည် ။ ထို့နောက် ထိုလူသည် Jeonghan အားကျောပေးအိပ်နေရာမှ Jeonghan ရှိရာဘက်သို့လှည့်လာရင်း မျက်လုံးတစ်ဖက်တည်းကိုသာအိပ်ချင်မူးတူးဖြင့်ဖွင့်လျက် ကုတင်ဘေးတွင် လက်ပိုက်ကာရပ်စောင့်နေသည့် Jeonghan အားကြည့်လိုက်သည် ။

" ဘာလဲကွာ "

ထို့နောက် ထိုအယ်လ်ဖာအမျိုးသားသည် လှဲနေလျက်နှင့်ပင် အကြောဆန့်လိုက်ပြီး သူ၏လက်များက ကုတင်ဘေးရှိ စားပွဲအသေးလေးပေါ်မှ နာရီအားယူကာကြည့်လိုက်သည် ။

" ဘယ်အချိန်ရှိ– အခုမှမနက် ၇ နာရီဘဲရှိသေးတယ် Jeonghan ။ စနေနေ့ကြီးလေ "

" ငါ့ရဲ့ခရမ်းရောင်အနွေးထည်လေးရှာမတွေ့တော့ဘူး ။ ငါတို့တူတူဝယ်ထားတဲ့ဟာလေးလေ ။ ဘယ်မှာလဲအဲ့တာ "

Seungcheol သည် ထိုစကားအဆုံး Jeonghan အားမယုံနိုင်စွာဖြင့်ကြည့်လိုက်သည့်အခါ Jeonghan ကလည်း သူ့အားမျက်ဝန်းဝိုင်းဝိုင်းကလေးများနှင့် ပြန်လည်စိုက်ကြည့်လာသည် ။

" လာနောက်နေတာလား "

ထိုအယ်လ်ဖာအမျိုးသားသည် သူ၏မျက်နှာအားလက်ဖြင့်တစ်ချက်ပွတ်လျက်သက်ပြင်းချလိုက်သည် ။ သို့သော်သူ၏ခန္ဓာကိုယ်ကတော့ လှဲနေရာမှထထိုင်၍ပင် ။ ထိုအခါ လည်ပင်းအထိဖုံးကာ ခြုံထားခဲ့သော စောင်သည် Seungcheol ၏ခါးအနားသို့ပြုတ်ကျကာ ဗလာကျင်းနေသော အယ်လ်ဖာ၏ရင်ဘတ်အားဖော်ပြလေတော့သည် ။

Types Of ColorWhere stories live. Discover now