Part 5

3.3K 159 4
                                    

''မောင် ၊ နင် ထမင်းချိုင့်မပါဘူးမလား ''

''ဟုတ်''

''အိမ်ရော ပြန်နိုင်ရဲ့လား ဒါမှမဟုတ် တီချယ့်ကို ခွင့်တိုင်ပေးရမလား ၊ ငါစာတွေကူးထားပေးမယ်လေ''

သူငယ်ချင်းကောင်းပီသပြီး ကိုယ့်အပေါ်စိတ်ပူပေးနေတဲ့ မဝါလင်းကိုကြည့်ပြီး အိမ့်ပြုံးနေမိလိုက်သည်။

''ရပါတယ် မဝါလင်းရဲ့ အဲ့လောက်လဲမဟုတ်ပါဘူး နည်းနည်းလေးဖျားရုံပါ စိတ်ပူပေးလို့ကျေးဇူးပါနော်''

''ကျေးဇူးဆိုတဲ့ စကားက ငါတို့ကြားမှာမလိုပါဘူးဟာ''

မောင်က စာတော်သလို သဘောလဲကောင်းတယ် တခြားသူတွေလို စာတော်တယ်ဆိုပြီးတော့ မမောက်ပါဘူး ၊ မာနလဲမကြီးဘူး ဒီကျောင်းကို စပြောင်းလာတုန်းကဆို မောင်ကဘဲ ပထမဆုံး အပြုံးချိုချိုလေးနဲ့ လာနှုတ်ဆက်ပေးတာ။

''မဝါလင်း ၊ ဘာတွေတွေးနေတာလဲ''

''ဘာမှမတွေးပါဘူး ''

''မမအိမ့်ခြူး''

''ဟေ''

''ဆရာမက မမအိမ့်ခြူးအတွက် ဆေးပေးခိုင်းလိုက်တယ် ၊ ထမင်းစားပြီးရင် ဆေးသောက်လိုက်ပါတဲ့''

''ဒါနဲ့ ဘယ်ဆရာမ ပေးခိုင်းတာလဲ''

''ဟေ့ ကလေးတွေ နေအုံးလေ ၊ ဪ ငါမေးတာလဲ မဖြေသွားဘူး တစ်ချိုးတည်းပြေးတာတန်းနေရော''

''လာပေးတဲ့ ကလေးတွေဆိုတော့ ၊ နင့်ချစ်ချစ် ဆရာမ ဖြစ်မှာပေါ့''

''ဘယ်သူလဲ မဝါလင်းရဲ့''

''တီချယ် စိမ်းလဲ့ရည် လေ''

''ဟာ ဘယ်က မောင့် ချစ်ချစ် မဟုတ်ပါဘူး ၊ မဝါလင်းကလဲ''

''အယ် ရှက်နေပြီ''

''မဟုတ်ပါဘူးဆို ငရဲကြီးမယ်နော် မဝါလင်း''

''ကြီးပါစေပေါ့ ၊ ဟုတ်တာပြောတာဘဲ''

''မနိုင်ဘူးဟေ့ မဝါလင်းကို''

''အိမ်မပြန်စားနဲ့တော့ မောင် ၊ ငါထမင်းအပိုထည့်လာတယ် ၊ ငါနဲ့ဘဲ စားလိုက်တော့''

''မဝါလင်း မကျွေးလဲ လုစားမှာဘဲ😛''
...........................................................

ဒေါက် ဒေါက် ဒေါက်

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now