14

2.8K 315 62
                                    

ကုန်ဆုံးခဲ့သော နှစ်ပတ်တာက စာမေးပွဲကိစ္စတွေနှင့် ကျော်ဖြတ်ခဲ့ပြီးပြီမို့ စည်သူက ကျောင်းမှပြန်ရောက်သည်နှင့် စိတ်လက်ပေါ့ပါးစွာဖြင့် ကုတင်ပေါ်ပစ်လှဲလိုက်၏။ထူးချွန်ကျောင်းသားတွေလို တော်နေတာမျိုးမဟုတ်သော်လည်း သည်တစ်ခါရလဒ်၌ အခန်းပြောင်းရဖို့ မျှော်လင့်ထားတာဖြစ်သည်။

" မနက်ဖြန်တွေ့ကြမယ် "

Messagerမှ ၀င်ရောက်လာသောစာစောင်ကြောင့် စည်သူက စိတ်လိုလက်ရပြုံးရယ်လိုက်၏။စာမေးပွဲပြီးရင် အတူလျှောက်လည်မည်ဟူသော သျှမ်းရဲ့ကတိစကားက လက်တွေ့တွင်လည်း အကောင်အထည်ပေါ်လာပြီမို့ မသိစိတ်က အလိုလိုရင်ဖိုလာတာဖြစ်သည်။

" လက်ဆောင်ပေးချင်တယ် "

ခပ်တိုးတိုးရေရွတ်မိလိုက်သော စကားအဆုံး၌ စည်သူက အိပ်ယာပေါ်မှထကာ သူ့ဗီရိုထဲ၌ စတင်မွှေနှောက်ရှာတော့သည်။ထို့နောက် ဗီရိုအံဆွဲထဲတွင်သိမ်းထားသော အနက်ရောင်လက်ပတ်လေးအား ထုတ်ယူကာ ခပ်ရေးရေးပြုံးလိုက်၏။တန်ဖိုးကြီးမားသောပစ္စည်းမဟုတ်ပါသော်လည်း အမှတ်တရပေးချင်သောစိတ်ဆန္ဒကြောင့် စည်သူကထိုလက်ပတ်လေးအား သူ့လက်ပေါ်၌ခဏတာပတ်ထားလိုက်သည်။အတူတွေ့ရသည့်အချိန်၌ သူ့လက်ပေါ်မှလက်ပတ်အား ချွတ်ယူကာ သျှမ်းရဲ့လက်ပေါ်၌လွှဲပြောင်းပတ်ပေးမည်ဟူသော စိတ်ကူးယဥ်အတွေးတို့က ရူးကြောင်ကြောင်နိုင်လှသော်လည်း ထိုအတွေးတို့က ရင်ခုန်ဖွယ်ရာအတိ။

" စာမေးပွဲဖြေနိုင်ခဲ့လား စည်သူလေး "

အခန်းထဲသို့၀င်ရောက်လာသည့် ဘွားဒေလီက မီးပူတိုက်ပြီးသားဖြစ်သည့် စည်သူရဲ့အ၀တ်တွေကိုလက်ထဲပိုက်လာရင်း ပြုံးရယ်ပြလာ၏။

" ဖြေနိုင်ခဲ့တယ်ဘွား အပြန်တုန်းက အမေ့ကိုလည်း၀င်တွေ့ခဲ့တယ် "

" အမေရော နေကောင်းရဲ့လား "

" ကောင်းပါတယ်ဘွား "

" အားရင်အိမ်လာလည်ခိုင်းပါအုံးမြေးရယ် ဘွားလည်းသူ့ကိုတွေ့ချင်နေတာ "

" ဟုတ် ပြောလိုက်မယ်ဗျ "

" ဒါနဲ့ ညကျရင် ဂျေးကသားကိုအပြင်ခေါ်သွားမလို့ဆို? "

ဂျေဆန်Where stories live. Discover now