Part-2

1 0 0
                                    

ညနေစောင်းခါနီးအမေမှဧည့်သည်များကိုအကြိုတော်လွှတ်သည်မလို့ Namjoonတို့ညီအစ်ကိုသုံးယောက်သွားရပြန်၏။ထရပ်ကားလေးဖြင့်တစ်လိမ့်လိမ့် တိတ်တိတ်ဆိတ်ဆိတ်မောင်းနေချိန် Yoongi မှစ၍

"အမေကလည်းနော် မြို့ကဧည့်သည်တွေကိုငါတို့လာကြိုခိုင်းနေတယ်။မိန်းကလေးတွေဆိုလည်းတော်သေး အခုကမိန်းကလေးတစ်ယောက်တစ်လေတောင်မပါဘူးအကုန်ယောက်ျားလေးတွေချည်းဘဲ"

"hyung ကလည်း ယောက်ျားလေး မိန်းကလေးကအရေးမကြီးပါဘူး။အဓိကကသဘော​ကောင်းပြီးကူးကိုမုန့်၀ယ်ကျွေးဖို့ဘဲ"

"ဟင်း..... မုန့်က၀ယ်စားရတယ် လူက၀ယ်စားမရဘူးဟ"

ထိုအခါ Namjoon မှ

"hyung ကလည်းလူလည်း၀ယ်စားရပါတယ် hyung က စားချင်လို့လား"

Yoongi လည်းအစကကြောင်နေပေမဲ့ နောက်မှသဘောပေါက်သွားကာ

"ဪ ဒီသောက်ကလေး ကူးပေါက် ရှေ့မှာဘာတွေပြောမှန်းမသိဘူး"

ဆိုပြီး Yoongi Namjoon ခေါင်းကိုခေါက်လိုက်၏

ထိုအခါကူးမှပြန်၍

"hyung တို့ကလည်း ကျွန်တော်လည်းသိသင့်သလောက်သိပါတယ် hyung တို့ပြောနေတာ လမ်းထိပ်ကမုန့်ဆိုင်က လူပုံစံ ဂျယ်လီမလား"

ကူးပြောလိုက်သောစကားကြောင့် Yoongi နှင့် Namjoon မှာရီလိုက်ကြတာခွက်ထိုးခွက်လှန်။သူတို့ရီနေတာကိုကြည့်နေတဲ့ကူးမှာတော့ကြောင်တောင်တောင်လေးသာဖြစ်နေတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"Jimin ရေ ,Taehyung"

Jin hyung ၏ အော်ခေါ်သံအဆုံးမှာ Taehyung နှင့် Jimin တို့အထုတ်ကိုယ်စီဖြင့်အခန်းထဲမှပြာပြာသလဲထွက်လာကြ၏။

"မင်းတို့ကလည်းကြာလိုက်တာကွာ"

"ဟုတ်ပ"

Jin စကားကို ဘေးက Hobi မှထောက်ခံ၏။

"hyung တို့ကလည်း ကျွန်တော်တို့ကအ၀တ်တွေထည့်နေလို့ပါ"

ဒီနေ့ Jin တို့အုပ်စုအဖေ့သူငယ်ချင်းအိမ်သို့အပန်းဖြေရင်း ၃ လကျော်လောက်သွားနေမလို့ပြင်ဆင်နေကြခြင်းဖြစ်သည်။ဟိုမှာလည်းသူတို့နှင့်ရွယ်တူအဖေ့သူငယ်ချင်း၏သားသုံးယောက်ရှိသည်မလို့အဆင်ပြေဖို့သာမျှော်လင့်ရပါသည်။

Like Kids (Ongoing)Where stories live. Discover now