Part-3

2 0 0
                                    

Namjoon တို့လည်း ရွာထိပ်မှာထရပ်ကားလေးကိုရပ်ထားပြီး မြို့ကဧည့်သည်တွေအလာကိုစောင့်နေလေသည်။ထိုအချိန်ခပ်ဝေးဝေးမှအိမ်စီးကားလေးကိုမြင်သော်.......

"ဗျို့ ဒီမှာ ဒီမှာ"

Seokjin တို့လည်းသူတို့ကားကိုကြည့်၍လှမ်းအော်နေသောလူများကိုတွေ့သွား၏

"hyung ဟိုမှာထင်တယ်"

"အေးဟုတ်လောက်တယ်ကွ"

Seokjin တို့ထိုနားရောက်ကားကိုရပ်လိုက်သည်။ထို့နောက် Seokjin မှစ၍

"ဟိုဗျ ကျွန်တော်တို့ကိုလာကြိုတဲ့သူတွေလားဗျ"

Yoongi ပြောမလို့ပါးစပ်ဟန်ပြင်လိုက်စဥ် Namjoon မှ ၀င်ဖြေသည်
(A/N : အဂျွန်းပြောချင်ဇောလောနေတာ😁😁😁)

"ဟုတ်ပါတယ်ဗျ အဲ့တာကျွန်တော်တို့ပါ ဒါနဲ့ဒီက ကိုကို့ နာမည်ဘယ်လိုခေါ်လဲဗျ"

"ဗျာ ဘယ်-ဘယ်လိုခေါ်လိုက်တာ"

"ကိုကို လို့ခေါ်လိုက်တာပါဗျ ကျွန်တော့်ထက်အသက်ကြီးမယ်ထင်လို့ပါ"

"ဪ ရပါတယ် ဒါနဲ့ကိုယ်နာမည်က Seokjin ပါ Kim Seokjin"

"ဟုတ်ကဲ့ပါ ကျွန်တော်နာမည်က Kim Namjoon ပါ ကိုကို ဆိုရင်တော့ Joon လို့ခေါ်လို့ရပါတယ်"

ထိုအခါ ကြည်နူးနေကြတဲ့နှစ်ယောက်ကို Hoseok မှမနေနိုင်စွာ၀င်ပြောရ၏

"ကဲ သွားမယ်ဆိုလည်းသွားရအောင် ဒီကညီလည်း ပြောချင်ရင်တည်းမဲ့အိမ်ကြမှဆက်ပြောကြပါဗျာ ဟုတ်ပြီလား"

"ဪ ဟီးဟီး ဒါဆိုလည်းသွားကြတာပေါ့။ဟိုဘက်ကညီနှစ်ယောက်။ညီတို့အထုတ်တွေဒီဘက်​ပြောင်းလိုက်ပါလားကွ။အစ်ကိုတို့ကားနဲ့သွားရမှာဆိုတော့လေ"

"ဪ ဟုတ်အစ်ကို လာ Jiminie အထုတ်တွေရွေ့ရအောင်"

"အင်း TaeTae ဟိုဘက်ကမ ji ဒီဘက်ကမမယ်။အမလေး..."

Jimin အထုတ်ကိုရွေ့မလို့လုပ်နေတုန်း Yoongi မှ၀င်၍သယ်၏။

"ရပါတယ် အစ်ကို ကျွန်တော်သယ်ပါ့မယ်"

"မဟုတ်တာဗျာ ကျွန်တော်တို့ရွာကိုလာတာပဲ အိမ်ရှင်က ဧည့်၀တ်ကျေမှပေါ့ ပေးပါ"

"ဟီး ဒါဆိုလည်းပေးလိုက်မယ်နော် အစ်ကို။ဒါနဲ့အစ်ကို့နာမည်ဘယ်လိုခေါ်လဲဟင်"

"အစ်ကိုနာမည်က Min Yoongi ပါ Gi hyung လို့ခေါ်လို့ရပါတယ်"

"ဟုတ်ကဲ့ Gi hyung ကျွန်တော့်နာမည်က Park Jimin ပါ"

"Ji လေး လို့ခေါ်လို့ရလားဗျ"

"ဟုတ်ရပါတယ် Gi hyung"

ကူးတို့ဘက်မှာလည်း

"ဟိတ် ကလေးလေး"

"ဟင် မြို့သားအစ်ကိုကြီး"

"ဟီးဟီး ဪ ဒါနဲ့ အစ်ကိုကြီးလို့မခေါ်ပါနဲ့ ကိုယ့်နာမည်က Kim Taehyung taetae hyung လို့ခေါ်ပေါ့"

"ဟုတ်ကဲ့"

"ဒါနဲ့ယုန်ပေါက်နာမည်က"

"ကူးနာမည်က Jeon Jungkook ပါ taetae hyung"

"ကူးပေါက်လို့ခေါ်မယ်နော်"

"ဟုတ်ရပါတယ် taetae hyung"

ဒီလိုနဲ့ Namjoon တို့အိမ်သို့မောင်းလာခဲ့၏။

............................................................................

#အရမ်းတိုသွားရင်တောင်းပန်ပါတယ်ဗျ။

                                                  #Lee Min Joon

Like Kids (Ongoing)Where stories live. Discover now