< ၁၉၉၈ခုနှစ်၊နွေရာသီ၏နေ့ရက်တစ်ခု >
ပုဇဉ်းရင်ကွဲကောင်လေးတွေတစီစီအော်မြည်လျက် ကားလမ်းနံဘေးက ချောင်းရေစီးသံငြိမ့်ငြိမ့်လေးမှာလည်း ငြိမ်းချမ်းမှုအတိ။
လယ်ကန်သင်းရိုးတစ်လျှောက် ကောက်ရိုးခမောက်ကိုဆောင်းလျက်သွားလာနေတဲ့ ကောက်စိုက်သမလေးတွေ။
စိမ်းစိုနေတဲ့ ဟင်းသီးဟင်းရွက်ခင်းထဲ ဖြာကျနေတဲ့ နေခြည်နွေးနွေးလေးအောက် တလက်လက်တောက်ပနေသည့် ရေစက်တွေ။
ထိုဟင်းရွက်ခင်းထဲ ရွှန်းရွှန်းစိုနေသည့် ခရမ်းချဉ်သီးမှည့်တစ်လုံးပေါ်၌ တွဲခိုနေသည့်ရေစက်လေးမှာလည်း မြေကြီးပေါ်သို့တောက်ခနဲကျသွားခဲ့သည်။ထို့အတူ ထိုနီရဲနေသောခရမ်းချဉ်သီးမှာလည်း အညှာကနေချိုးဆွတ်ခြင်းခံလိုက်ရသည်။
"ဒီနှစ်နွေကသီးနှံအထွက်ကောင်းတာပဲနော်။ဒီအတိုင်းသာဆို ဖောက်သည်တွေကလည်း စျေးကောင်းပေးကြမှာ"
"ရာသီဥတုကလည်း ထူးထူးဆန်းဆန်းသိပ်ကောင်းတာကြောင့်ရောလေ။မသိရင် အစောင့်အရှောက်တွေကစိတ်ကောင်းဝင်နေသလားပဲ"
"အစောင့်အရှောက်ဆိုတာလည်းသိပ်ထူးဆန်းဖို့ကောင်းသား။ ဒီတောတောင်ရေမြေနဲ့ သဘာဝတရားကြီးကို ဟန်ချက်ညီအောင်အပြင် လူသားမျိုးနွယ်စုတွေရဲ့ရန်ကနေပါ ကာကွယ်ထိန်းသိမ်းထားတာ အစောင့်အရှောက်တွေသာမရှိရင် ဘယ်လိုဖြစ်နေမလည်းစဉ်းစားလို့တောင်မရဘူး"
"အဲ့ဒါကြောင့်လည်း နှစ်တိုင်းရိုးရာကန်တော့ပွဲတွေကျင်းပနေကြတာလေ။ ဒါနဲ့ Sensei ဒီမှာစကားရပ်ပြောနေရင်း ကျောင်းနောက်ကျနေအုန်းမယ်"
ထိုအခါတွင်မှ ခပ်ထူထူမျက်မှန်ဘောင်အနက်ဖြင့် လက်ဆွဲအိတ်ကိုကိုင်လျက် ဟင်းရွက်ခင်းနံဘေးရပ်နေသူမှာ တောင်ကုန်းမြင့်လေးပေါ်တွင်ရှိသော ကျောင်းအဆောက်အအုံအားလှမ်းကြည့်၍
"ဖြတ်လမ်းကနေသွားရင် ငါးမိနစ်နဲ့ရောက်တယ်လေ။ အခုမှ ၈နာရီတောင်မထိုးသေးတာ အေးဆေးပေါ့"
"ဟား Senei ကတော့ဘယ်အချိန်ကြည့်ကြည့်အေးဆေးနေရောပဲဗျာ"
နှစ်ဦးသားခပ်ဟဟရယ်၍ စကားပြောနေချိန် ကတ္တရာလလမ်းပေါ်မှမောင်းလာသောအနက်ရောင်ကားတစ်စီးမှ ထိုသူနှစ်ဦးဘေးမှ အရှိန်အဟုန်ဖြင့်ဖြတ်သွားတော့သည်။ ကား၏အရှိန်ကြောင့်ရော တဖြူးဖြူးတိုက်နေသည့်နွေလေရူးကြောင့်ပါ လမ်းဝဲယာနှစ်ဖက်ရှိအပင်များကား ယိမ်းထိုးကျန်ရစ်တော့သည်။
YOU ARE READING
Did we run or Didn't we ?
FanfictionIn every frames of my life's film, you were the lead. Start - 12.8.2024 End -