"ဟမ်!သွားပြီ။ကင်မရာထဲ tape ထည့်ဖို့မေ့သွားတယ်"အလန့်တကြားထွက်လာတဲ့အသံလေးနောက် ဖရဲသီးစိတ်လေးတစ်စိတ်မှာ ကော်ဇောပေါ်သို့ဖြတ်ခနဲပြုတ်ကျသွားခဲ့သည်။
သို့သော်ထိုအသံပိုင်ရှင်လေးမှာ ပြုတ်ကျသွားသောဖရဲသီးစိတ်လေးအားပြန်မကောက်အား ထိုင်နေရာမှဆတ်ခနဲထတော့ ကင်မရာမကိုင်ထားသောလက်ကောက်ဝတ်ငယ်မှာ နူးညံ့သောလက်တစ်စုံဖြင့် ခပ်သာသာ ကိုင်ဆွဲခံလိုက်ရသည်။
"နေပါအုန်း ကလေးရယ်။ကင်မရာမီးပွင့်နေတာ record ယူနေလို့ပဲမလား"
ဖရဲသီးစိတ်လေးလိုချိုမြိန်မှုလား၊ နွေဥဩလေးရဲ့တေးသံသာလို နားဝင်ချိုမှုလား၊ ဒါမှမဟုတ် ဆာကူရာပန်းတွေပွင့်ချိန်လိုမျိုး ညင်သာတဲ့အသိသတိတွေခိုကပ်နေလေသလား...ရေရေရာရာရယ်လို့ဖော်မပြတတ်ခဲ့ပေမယ့် ညင်သာတဲ့စကားသံချိုချိုက လေညှင်းလေးများနဲ့ရောယှက်ထွက်ပေါ်လာခဲ့သည်။
"မဟုတ်ဘူးလေ ကိုကိုရ။ ဒါကဒီတိုင်းကြီး ပွင့်နေတာလေ။ ကျွန်တော်က ပြန်ကြည့်လို့ရအောင် cassette လိုချင်တာကို..."
"အော်...ဒါဖြင့် ကိုယ်တို့ဒီနေ့ဒိတ်က ဘာ record မှမရလိုက်ဘူးပေါ့"
"ငိုချင်နေပါတယ်ဆို အဲ့လိုကြီးသတိမပေးနဲ့လေ ကိုကိုရာ..."
ဆူပုတ်ပုတ်အသံလေးထဲ ငိုသံနှောလာတော့ တစ်ဖက်လူ၏ရယ်သံလေးမှာ လေလှိုင်းထဲစိမ့်ဝင်လာတော့သည်။
ခပ်ဖွဖွရယ်သံလေး...တကယ်ကို ဘေးလူကြားရရုံမျှကျယ်တဲ့ ရယ်သံလေးတစ်ခုက နုနုနယ်နယ်နှလုံးသားလေးကိုပျက်ရယ်ပြုခြင်းမဟုတ်တန်ရာ။
အကြင်သူလေးက သိပ်ချစ်ဖို့ကောင်းနေ၍ သူသဘောကျမိခြင်းသာလျှင်ဖြစ်တော့သည်။
"ကဲပါ ဒိတ်လေးတစ်ခုပဲဟာ...နောက်ကျမှ ကိုယ်တို့ဒိတ်တွေအများကြီးထပ်လုပ်ကြမယ်လေ။ အဲ့အခါကျ ကိုယ်လည်းသေချာသတိပေးပေးမယ် ဟုတ်ပြီလား"
"ဒါပေမယ့် ဒီနေ့ဒိတ်ကပြန်အစားထိုးလို့မှမရတာ"
"ကလေးရယ် ဒါကိုအစားထိုးတယ်လို့တော့ ဘယ်သတ်မှတ်လို့ရမလဲ။အစားထိုးတယ်ဆိုတာပျက်ဆီးသွားတဲ့အရာတွေနေရာမှာ အသစ်အသစ်သောအရာတွေနဲ့ဖြည့်ဆည်းတာလေ။ ကိုယ်နဲ့အတူရှိတဲ့အချိန်တွေက ပျက်ဆီးသွားတာမျိုးမဟုတ်မှတော့ အစားထိုးတယ်လို့ ဘယ်ပြောလို့ရမလဲ"
YOU ARE READING
Did we run or Didn't we ?
FanfictionIn every frames of my life's film, you were the lead. Start - 12.8.2024 End -