Chapter-1(ရာဇဝင်ထဲက ဘုရင်)

3.7K 74 4
                                    

"ဒီစောင်းက အတော်လေး ရှေးကျပုံပဲနော်။"

မိုးသား၏ အပြောအဆုံး မြန်မာ့ရိုးရာ စောင်းပေါင်းများစွာ ခင်းကျင်းပြသထားသည့် အဆင့်အတန်းမြင့် အရောင်းဆိုင်အတွင်းမှ တာဝန်ရှိသူ တစ်ဦးကား အနားရောက်လာလေသည်။

"ရှေးကျဆို..ဒါက ဟိုးရှေးခေတ် ပုဂံခေတ်ကတည်းကိုဗျ.."

"ရှင်..ပုဂံခေတ်ကတည်းက....."

"ဟုတ်ပါ့ဗျာ...အဟွန်း..အဒီစောင်းမှာက ရာဇဝင်ရှိတယ်ရယ်.."

သိချင်စိတ်ကို နှိုးဆော်လိုက်သည့် တာဝန်ရှိ ခပ်သန့်သန့် အမျိုးသား၏ စကားသံထပ်မံ ထွက်ပေါ်လာမည်ကို မိုးသားလဲ့ပြာပြာတစ်ယောက် စောင့်မျှော်နေလိုက်သည်။

မိုးသားကား အခုလက်ရှိ ၌ အကျော်ကြားဆုံးသောdigital artသမားတစ်ယောက် ဖြစ်သလို စာအုပ်များတွင် ရေးဆွဲထားသည့်artတော်တော်များများဟာ အသက်(၂၀)အရွယ် မိုးသား၏ လက်ရာများပင် ဖြစ်၏။

ထိုသို့ မိုးသား၏ တစ်ခုတည်းသော ဝါသနာမှာ တူရိယာများကို တီးခတ်ရခြင်းပင်ဖြစ်ချေသည်။

တယော၊ဂစ်တာ၊ဒရမ်၊ပီယမ်နိုစသည့် တေးဂီတများကို စိတ်ပါဝင်စားစွာ ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်သကဲ့သို့ ပတ္တလား၊စောင်း၊ပုလွေ၊စည်းဝား၊ပဒိုးစသည်မြန်မာ့ တူရိယာများကိုလည်း တစ်ဖက်ကမ်းခတ်အောင်ကို ထူးချွန်သူဖြစ်၏။

ထိုထဲမှ စောင်း တူရိယာကိုတော့ဖြင့် မိုးသား ပိုလို့ စွဲလမ်းနှစ်သက်ကြောင်း ဝန်ခံရပေလိမ့်မည်ပင်။

ဤသို့ ဖြစ်သည့် အလျောက် မိုးသား၏ ၎င်းတူရိယာများအပေါ် စိတ်ဝင်စားမှုကား တော်ရုံတော့ မဟုတ်ပေ။

ယခု၌ ကိုယ်ထည်ကို ပိတောက်သားဖြင့် ထွင်းထု ဖန်တီးထားသည့် လက်ရာမြောက်လှသည့် ရှေးဟောင်း စောင်းတစ်လက် ကိုကြည့်နေရင်းမှပင် မိုးသား စိတ်ထဲ တစ်စုံတစ်ရာ မသိုးမသန့် ခံစားရ၍ မွန်းကြပ်လာရ၏။

"ဒီလိုဗျ..ရှေးအရင် ပုဂံခေတ် မဖြစ်တည်ခင်က ဘုရင်မင်းမြတ်တစ်ပါးရှိခဲ့တယ်။သူ့က တိုင်းသူပြည်သားတွေကိုသိပ်ငဲ့ညှာပြီး ကြည့်ရှု စောင့်ရှောက်တတ်တဲ့ ဘုရင်တစ်ပါးပေါ့။သူ့မှာ တော်ကောက်ထားတဲ့ မိဖုရားတွေ အများကြီး ရှိပေမယ့် သူ့ရဲ့ ကိုယ်လုပ်တော်ကိုပဲ ချစ်မြတ်နိုးခဲ့တယ်။သူ့ရဲ့ကိုယ်လုပ်တော်က ယခင်က နန်းတွင်းရဲ့ အကအလှတွေမှာ ကပြဖျော်ဖြေသူဖြစ်တာမို့ မြန်မာ့ရိုးရာ စောင်းပညာကိုလည်း တတ်ကျွမ်းသလို သိပ်လည်း ဝါသနာထုံလှတယ်။

စောင်းကြိုးဖန်သော ချစ်ပုံပြင်Where stories live. Discover now