အေဒီ၂ရာစု အစောပိုင်းကာလ ပုဂံပြည်....
"ကမ္မ သိတ္ထိ"အမည်တွင်သောမင်းတစ်ပါး အုပ်စိုး
စဥ်ကာလ....သက္ကရာဇ အမည်တွင်သော အင်အားကြီး တိုင်းပြည်အတွင်း ကျင်းပနေသည့် ခမ်းနားထည်ဝာသည့် ပွဲတော်ကြီး..
တိုင်းပြည်၏ အကောင်းဆုံး...ဆိုသည့် အရာများသာ ပါဝင်သည့် ထိုပွဲတော်၌ တိုင်းပြည်အသီးသီးရှိ...ဘုရင်များ..မိဘုရားများတက်ရောက်ကြသည်။
အားလုံး သာကြောင်း၊မာကြောင်း မေးနေစဥ် အတွင်း.ေသရည်..သေရက်များ သောက်သုံးကာ ...ဆူညံနေသည့် ထိုအခမ်းအနားကို ဖြိုခွင်းလိုက်သူမှာ..."မဟာ ပေါက္ကမ ခွန်းသအရှင်"..
ပုဂံပြည်ကို အုပ်စိုးသူ "ကမ္မ သိတ္ထိ"နှင့် ဆွေမျိုးရင်းခြာ တော်စပ်သူဖြစ်သည့်
"ပုဂံပြည်ရဲ့ မဟာ ပေါက္ကမ ခွန်းသအရှင် ကြွချီတော်မူလာပါ
ပြီ။ "မဟာ ပေါက္ကမ ခွန်းသအရှင် သည် အလွန်ရက်စက်သူဖြစ်ကာ သြဇာ အာဏာ သက်ရောက်မှု ကြီးမားသူမို့ လက်ရှိ အာဏာကြီး ဘုရင်များပင် တုပ်တုပ်မှ မလှုပ်ရဲသည်က မဆန်း....။
ဆန်းသည်က ထိုသို့ ရဲစွမ်းသတ္တိ နှင့် ဥာဏ်ပညာပြည့်စုံသူသည် အမျိုးသမီး တစ်ဦး ဖြစ်နေခြင်းပင်။
ရွှေရောင်များဖြင့် ခြယ်ရံထားသည့် ဝတ်ရုံကိုခြုံထား သော "ခွန်းသ "သည် သူမထိုင်ရမည့် ပုလ္လင်ပေါ်၌ ထိုင်လိုက်မှသာ အခမ်းအနားက အတည်စ၏။
"ခွန်းသ"ဆိုသော မင်းသမီးသည် ထိုမျှအထိ အာဏာစက် သက်ရောက်သည်။
မင်းသမီးဆိုပေသည့် ဘုရင်မတစ်ပါးကဲ့သို့ ဆင်ယင် ထုံးဖွဲ့မှုနှင့်အတူ ရဲရင့်မှု၊ကျက်သရေရှိမှုတို့ပါ ယှဥ်တွဲနေ၍ ခွန်းသမှာ အလှပဆုံး၊အထက်မြက်ဆုံးသော မင်းသမီးတစ်ပါးပါပင်။ထို့အတူ ရက်စက် ကြမ်းကြုတ်သော စစ်သူကြီးတစ်ဦး အနေဖြင့်လည်း ထင်ပေါ် ကျော်ကြားသည်။
သည်နေ့ ထို သက္ကရာဇတိုင်းပြည်၏ သုံ့ပန်းများကို အခစား ဝင်စေမည် ဖြစ်ကာ "ခွန်းသ"ကတော့ စိတ်မဝင်စား..အနီးအနားရှိ ဘုရင်၊ဘုရင်မများအား ဂုဏ်ပြုပေးသည့် ပွဲမို့သာ တက်ရောက် နေရခြင်းပင်။
YOU ARE READING
စောင်းကြိုးဖန်သော ချစ်ပုံပြင်
Historical Fictionညစဥ်ညတိုင်း ခြောက်လန့်တတ်တယ်လို့ နာမည်ကြီးနေတဲ့ စောင်းတစ်လက်နဲ့ သရဲအရမ်းကြောက်တတ်တဲ့ ဂျစ်တူးမလေးတစ်ယောက်.. အဆိုပါ ဂျစ်တူးမလေးဆီ ထိုစောင်းရောက်ရှိသွားချိန်မှာတော့...