Unicode
"လာစမ်းပါ နင်ကလည်း"
"မဟုတ်ဘူးလေဟာ နင့်ကိုချိန်းတာလေ ငါနဲ့ ဘာဆိုင်လို့လဲ"
"နင်က ငါ့သူငယ်ချင်းမဟုတ်ဘူးလား"
"ဒါပေမဲ့ကွာ"
"ဘာမှ ဒါပေမမဲ့နဲ့ လိုက်ခဲ့စမ်းပါ"
"Library ရှေ့အရောက်"
"ဝတီရောက်လာတယ်နော် ဘယ်လိုလဲ ကိုယ်နဲ့ တွဲဖို့ အစီအစဉ်ရှိလား"
"မရှိဘူး ပြီးတော့ ဒါငါ့ရည်းစား မြတ်လွန်းပိုင်တဲ့"
စူးရဲစွာ ရောက်လာတဲ့ မျက်လုံးတစ်စုံနဲ့အတူ တွန့်ချိုးသွားသော မျက်ခုံးများ။
"မင်းကဘာလဲ ဘယ်တုန်းက တွဲသွားတာလဲ"
"ဟိုလေ ဟို"
"ဒီမှာ ရှင် ကျွန်မရည်းစားကို ဘာမှ လာပြောစရာအကြောင်းမရှိဘူး"
"Okလေ မင်းနဲ့ငါ စာရင်းမပြီးသေးဘူး မြတ် လွန်း ပိုင်"
တစ်လုံးစီ ဖိပြောလိုက်သော အသံက ကြက်သီးထဖွယ်။ထို့နောက် ထွက်သွားသော ကျောပြင်။
"နင်ဘာတွေလျှောက်လုပ်နေတာလဲ ဆောင်းရာ"
"ငါလုပ်တာငါသိပါတယ်ဟ ကြည့်လေ အခုဆို နင့်ကို သူသတိထားမိသွားပြီမလား"
"အေးရွှေဉာဏ်တော် စူးရောက်ပါပေတယ် ဘယ်ချိန် ချောင်းရိုက်ခံရမလဲမသိဘူး"
"ဟိဟိ စေတနာနဲ့ပါဟာ ကြည့်နေ နင့်ကို သူဆက်သွယ်လိမ့်မယ်"
ကျနော့်မှာတော့ သက်ပြင်းတစ်ချချ။ ဘယ်လိုရှေ့ဆက်ရမလဲ။
"လာပါစိတ်ထဲထားမနေနဲ့ ကန်တင်းသွားရအောင်"
ဒီလိုနဲ့ ကန်တင်းဆီသို့....."ဟဲ့မြတ်လွန်း ဘာစားမလဲ"
"ထမင်းကြော် "
"Ok ငါသွားမှာလိုက်ဦးမယ်"
ဒေါက်...ဒေါက်
ဒါကတော့ ကျနော်ထိုင်နေတဲ့စားပွဲခုံကို လက်နဲ့လာခေါက်သံ။"ဟင် "
"ဒီမှာထိုင်လို့ရမလား"
"ဟုတ်ကဲ့ထိုင်ပါဗျ ဒါနဲ့ဘယ်သူ"