Unicode
အတိတ်ကာလ...ဟိုးငယ်ငယ်လေးထဲ က ငါ့မှာ အားကျရတဲ့ သဘောကျတဲ့ ကောင်လေးတစ်ယောက်ရှိခဲ့ဖူးတယ် သူ့နာမည်က တည်ခန့်ဦး။ လူတကာ ဝိုင်းအနိုင်ကျင့်တာ ခံရတဲ့ ငါ့ကို ကာကွယ်ပေးခဲ့တဲ့သူ။ တစ်ကြိမ်တစ်ခါထဲ ဆိုပေမဲ့ အခါခါ မေ့လို့မရတဲ့သူ။ သူကတော့ ငါ့ကို မှတ်မိလိမ့်ပါ့မလား။
မျက်ခမ်းအောက်နားက မှည့်နက်လေးနဲ့ အတူ သွားစွယ်လေးနှစ်ဖက် ။ ဘယ်တော့မှ မေ့ပစ်လို့မရတဲ့ ငါ့ရဲ့ တစ်ဦးတည်းသော...။
"ဟိတ် မြတ်လွန်း"
"ဟမ် အေး"
"ခေါ်နေတာကြာပြီ ဘာတွေတွေးနေတာလဲ"
"ဆောရီးဟာ ငါမကြားလိုက်ဘူး"
"ဘာလဲ ကောင်မလေးအကြောင်းတွေးနေတာလား"
"မဟုတ်တာ ဆောင်းရာ ငါ့အကြောင်းလည်းနင်သိသားနဲ့"
"အေးပါဟယ် အဲ့မှာ ဘယ်တော့မှ ပေးမသိတဲ့လူတစ်ယောက်ကိုပဲ မျှော်နေလိုက်"
သူငယ်ချင်းမလေးကတော့ ကျနော့်ရဲ့ အတိတ်က အကြောင်းအရာတစ်ချို့က သိသူမို့။
"မဟုတ်ပါဘူးကွာ နင်ကလည်း"
"ထားပါတော့လေ ဒါနဲ့ ငါပြောမလို့ ဟိုတစ်ယောက်လေ"
"ဘယ်တစ်ယောက်လဲ"
"တည်ခန့်ဦး"
ကျနော့်ရဲ့ ဘယ်ဘက်ရင်အုံဆီမှ ရင်ခုန်သံခပ်တိုးတိုး။ သူ့ရဲ့အမည်နာမ သည်ပင်လျှင် ကျနော့် နှလုံးသားကို များစွာ တုပ်လှုပ်စေပါသည်။
"အင်း"
"သူက ငါ့ကိုတွဲဖို့ပြောလာတယ်"
"အင်း"
"အေးအဲ့ဒါ တွဲသင့်လား"
"................"
"ဟဲ့ ဘာဖြစ်နေတာလဲ နင့်ကြည့်ရတာ ရည်းစားပူမိနေတာကျနေတာပဲ"
"ဆောင်း"
"အေးပြော ငါတို့အခင်ဆုံးသူငယ်ချင်းတွေလေ နင့်စိတ်ထဲရှိတာအကုန်ရင်ဖွင့်လို့ရတယ်"
မြတ်လွန်းရဲ့ မျက်နှာက ပြိုတော့မဲ့မိုးလို ဖြစ်နေသည်မို့။"ငါ... ငါလေ"
"အေး"
"ငါ ငယ်ငယ်တုန်းက သဘောကျခဲ့ဖူးတဲ့တစ်ယောက်ရှိတယ်လို့ ပြောဖူးတယ်မလား"