အခန်း(1)

82 1 0
                                    

ဤဇာတ်လမ်းသည် တိတ်ဆိတ်သောနွေနေ့လည်ခင်းတစ်ခုတွင်၊ နေရဲ့နွေးထွေးမှု ကို ခံစားနေသောခန္ဓာကိုယ်၊ ကော်ဇောကဲ့သို့ စိမ်းလန်းသောမြက်ခင်းအောက်၊ တွင် မြေသင်းရနံ့များထွက်နေမှုသည် အရိုးနှင့်အရေပြားများ ပေါ်တွင် ပူလောင်နာကျင်ခြင်း မခစားရပါက အရာအားလုံးသည် သာမန်သာဖြစ်လိုက်မည်။

ငါဘယ်သူလဲ?

ရောင်စုံ ၃ ရောင်စပ်ထားတဲ့ calico ကြောင်လေးတစ်ကောင်ဖြစ်သည်၊ အသက် ၂ နှစ်နဲ့ အမဖြစ်ပြီးတော ငါ့ပိုင်ရှင်က ငါ့ကို Hua Miao Miao လို့ခေါ်ရတာ ကြိုက်တယ်။

ငါဘာလို့ဒီလိုဖြစ်တာလဲ။

လသာဆောင် ဆယ်ထပ်ကနေ စာငှကလေးတစ်ကောင်ကို ဖမ်းရင် မတော်တဆ ပြုတ်ကျပုံရတယ်။ ပြုတ်ကျနေစဉ် လေချွန်သံက နားထဲသို့ ပျံသန်းသွားသလိုမျိုး ကြားလိုက်ရတယ်၊ ပိုင်ရှင်သည် လက်ရန်းဆီသို့ ခုန်လိုက်ပြီး ထိတ်လန့်တုန်လှုပ် ဝမ်းနည်းစွာ ကြည့်နေတာတွေ့လိုက်ရသည်။ ကောင်းကင်ကိုမော့ကြည့်လိုက်တော့ အတောင်တွေဖြန့်ပြီး ပျံဝဲနေတဲ့ ငှက်အုပ်တစ်အုပ်ရှိတယ်…။
မကြာခင်မှာပဲ သွေးနံ့ပြင်းပြင်းက ငါ့ရဲ့အာရုံကြောထဲကနေရလိုက်သလိုပဲ မျက်လုံးဖွင့်လို့မရတော့ဘူး၊ ငါ့မျက်ခွံတွေက ဖြည်းဖြည်းချင်း ပိတ်လာပြီး စိတ်တွေ လွတ်သွားကာ အကန့်အသတ်မဲ့ အမှောင်ထဲ ကျသွားတော့ ဘာမှ မသိတော့ဘူး။

သင်မခံစားဖူးသောကြောင့် ကြောင်တစ်ကောင်၏ အတွေးများသည် မျဉ်းဖြောင့်ကဲ့သို့ အလွန်ရိုးရှင်းလို့ မယူဆလိုက်ပါနှင့်။

အခုချိန်မှာတော့ လှပတဲ့နေရောင်ခြည်ကို ခံစားရင်း ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့နဲ့ ကောင်းကောင်းအိပ်စက်ဖို့က အရေးကြီးဆုံးပါပဲ။

ရုတ်​တရက်​ ​အော်​သံကြားရ​မယ်လို့မ​မျှော်​လင့်​ထား။
"သူဌေး! သူဌေး! မင်းဘယ်လိုနေလဲ။ ကြောင်တစ်ကောင်ဆီကို ဘယ်လိုဖြစ်ပြီးပြန်ရောက်နေတာလဲ"

အသံက တကယ့်ကို စိတ်အနှောက်အယှက်စရာပဲ |ဒါကြောင့် နားရွက်ကို တွန့်လိမ်ကာ အနေအထား ပြောင်းပြီး ဆက်အိပ်တယ်။

Meow Meow MeowWhere stories live. Discover now