အခန်း(၄)

12 1 0
                                    

အခန်း 4 – Luo Shaဒေါသ


လောလောဆယ် မြင်ကွင်းကတော့;

မြေပြင်ပေါ်တွင် အဝတ်အစားများ၊ စိမ်းလန်းသောမြက်ခင်းများပေါ်တွင် သွေးများစွန်းထင်းနေပြီး လူနှစ်ယောက် ချဉ်းကပ်လာသောအခါတွင် ကျွန်မသည် အဝတ်မပါဘဲ မြေပြင်ပေါ်တွင် ထိုင်ကာ ကျွန်မက ကြည့်နေသည်။ လေထုသည် မုန်တိုင်းလာဖို့ ငြိမ်သက်လာသလိုပဲ။

လူသတ် လိုမူတွေ ဒေါသတွေ ရောထွေးပြီး ပြင်းထန်စွာ ပျံ့လွင့်လာတော့ ကျွန်မ အနည်းငယ် ကြောက်လန့်သွားသည်။

တိတ်တဆိတ် သတိထားနေပြီ လူနှစ်ယောက်ကရုတ်တရက် လှည့်ကာ ရှေ့တည့်တည့်ကို ကြည့်လိုက်သည်။ အရပ် ၂ မီတာရှိတဲ့ အမျိုးသားက သူ့အကျီရှည်ကို ချွတ်ပြီး သူ့နောက်ကို လှည့်လိုက်ရင်း ကျွန်မဆီ လှမ်းပေးပြီး ဒေါသတကြီး တုန်လှုပ်တဲ့အသံနဲ့ “ညီမလေး၊ မင်း အင်္ကျီအရင်ဝတ်လိုက်၊ နောက်မှ မင်းကို ညှိုးနွမ်းစေခဲ့တဲ့ အဲ့ဒီအကောင်ကို ငါတို့ ဆုတ်ဖြဲပစ်မယ်။ ပြီးတော့သူ့ကို အပိုင်းပိုင်းဖြတ်ပစ်မယ်!”

ကျွန်မမြေပြင်ပေါ်ရှိ ဝတ်ရုံဆီသို့ တွားသွားကာ အကြိမ်အနည်းငယ် နမ်းရှုံ့လိုက်သည်။ သူ့မှာ အမွေးအမှင်လေးတွေပါပြီး အရမ်းသက်တောင့်သက်သာရှိပုံရတယ်၊ ဒါပေမယ့် ငါ့မှာမရှိတော့တဲ့ ငါ့ရဲ့လှပတဲ့ကြောင်သားမွေးတွေကို အမှတ်ရစေတယ်။ ဒီလိုနဲ့ ကျွန်မဝတ်ရုံထဲ ကို တိုးဝင်လိုက်တယ်။ပြီးတော့ ဘောလုံးတစ်ခုလို ကွေးလိုက်ပြီး ငါ့အမွေးအမြီးကို ဝမ်းနည်းစွာ ဆုပ်ကိုင်ထားတယ်။

"Boss အဆင်ပြေရဲ့လား" ဝတ်ရုံဖြူ ကောင်လေးကို မေးတယ်။

သူမေးတာကို ကျွန်မနားမလည်တာကြောင့် နှစ်ခါလှိမ့်ပြီး "Meow woo~"

ဝတ်ရုံဖြူဝတ်ထားတဲ့ ကောင်လေးနဲ့ လူကြီးက ကျွန်မကို လှည့်ကြည့်တော့ ကျယ်လောင်စွာ အော်ပြီး နောက်ကို လှည့်ကြည့်လိုက်တယ်။

သူတို့ရဲ့ ထူးထူးဆန်းဆန်း အပြုအမူတွေကို စူးစူးစိုက်စိုက်ကြည့်ရင်း မွှေးရနံ့တစ်ခု ရုတ်တရက် ကျွန်မနှာခေါင်းထဲကို ဝင်လာခဲ့တယ်။ ကြက်ကင်နံ့ရလိုက်တာ ဗိုက်က ပြန်စားလာပြီး အစားအသောက်နဲ့ပတ်သက်တဲ့ အတွေးတွေ ပြည့်နှက်နေပြန်တယ်။

Meow Meow MeowWhere stories live. Discover now