Intro

16.8K 146 8
                                    

Unicode

ဒီficလေးကနည်းနည်းထူးခြားတယ် ဘာလို့လဲဆိုတော့ ရှေ့ပိုင်းကကလေးဘဝတွေအသီးကိုယ်တိုင်ကြုံခဲ့ရတာမို့ပါ အဲဒါကြောင့်မင်းသမီးကိုတောင်မှ'ရွှန်းလဲ့'ပါအောင်ပေးထားတာ🤣

အသီးတို့ကငယ်ငယ်ကခြံဝန်းကကျယ်ပြီး အဲ့ခြံထဲမှာအိမ်သုံးအိမ်တွဲလေးဆောက်ထားတာကွာ တစ်အိမ်ကအသီးနဲ့အမေနဲ့နေပြီး ကျန်တဲ့တစ်အိမ်ကအသီးရဲ့အစ်မအကြီးနေတယ် ကျန်တဲ့တစ်အိမ်ကိုတော့အိမ်ငှားထားတယ်..
(အခုတော့တစ်ခြမ်းရောင်းလိုက်ပြီ)

အဲမှာအိမ်ငှားလာနေတဲ့မိသားစုပေါ့နော် ​အဖေအမေနဲ့မောင်နှမနှစ်ယောက်ရယ်...

အဲ့ထဲကအစ်ကိုကအသီးထက်နှစ်နှစ်ကြီးတယ်...
အဲတုန်းကအသီးက10နှစ်လောက်ပဲရှိဦးမှာ
သူ့ရဲ့နာမည်ကိုတော့မမှတ်မိဘူး

ပြီးတော့နောက်တစ်ယောက်ကကျအသီးတို့နဲ့အိမ်ချင်းကပ်ရပ်ကကောင်လေး သူကလည်းအဲ့အိမ်မှာအိမ်ငှားပဲ သူကလည်းမောင်နှမနှစ်ယောက်ပဲ သူ့အစ်မကသူနဲ့မအေတူဖအေကွဲ သူ့အစ်မကတော့အဲတုန်းက20ကျော်လောက်ပေါ့...

အဲ့ကောင်လေးကကျအသီးထက်တစ်နှစ်ငယ်တယ်..

အသီးကလေ လမ်းထဲမှာအသီးနဲ့ရွယ်တူမိန်းကလေးတွေရှိပေမယ့်လုံးဝမပေါင်းဘူး...
သူတို့နှစ်ယောက်နဲ့ပဲပေါင်းတာ...

အကြီးကိုလည်းငါကအငယ်ဆိုပြီး​ဗိုလ်ကျတယ် အငယ်ကိုလည်းငါအကြီးဆိုပြီးအနိုင်ကျင့်တယ် နှစ်ယောက်လုံးကအသီးကိုဆိုအရမ်းအနွံတာခံတယ်ပြောရမယ်...

နောက်တော့သူတို့လည်းအိမ်ငှားတွေပြည့်သွားတော့အသီးနဲ့ကွဲသွားကြတယ် ထပ်လည်းမတွေ့ဖြစ်ဘူး

အခုလမ်းမှာတွေ့ရင်တောင်မမှတ်မိလောက်ဘူး...

အခုအသီးကသူတို့နဲ့ပတ်သက်တဲ့အသီးရဲ့ငယ်ဘဝလေးနဲ့အစချီမယ်(မှတ်မိသလောက်ရေးပြီးကွန့်စရာရှိတာကွန့်မယ်)

ငယ်ဘဝပြီးနောက်ပိုင်းကတော့ကိုယ့်ဘာသာဖန်တီးပြီးရေးမယ်...

အသီးထက်ငယ်တဲ့ကောင်လေးကိုနာမည်မှတ်မိတယ် ဒါပေမယ့်မပြောပြတော့ဘူး အခုနှစ်ယောက်လုံးနဲ့ပြန်တွေ့ခွင့်ရရင်တွေ့ချင်တယ် အထူးသဖြင့်အသီးထက်ကြီးတဲ့သူနဲ့ ဒါပေမယ့်မဖြစ်နိုင်တော့ဘူး😊

Zawgyi














Half of the heart[completed]Where stories live. Discover now