Chapter.2

4.3K 108 2
                                    

Unicode

Half of the heart

Episode.2

''ပိစိ!...နင်မထသေးဘူးလား ကျောင်းနောက်ကျရင်အရိုက်ခံရမယ်နော်''

ဒါကမနက်တိုင်းလိုလိုကြားနေရတဲ့ဒေါ်ခင်မာရဲ့အသံပါ။

''ပိစိ!!''

''ထပြီလို့''

ရှိုင်းမင်းထင်အဝတ်အစားလဲနေရင်းမှဘေးခန်းကအသံကိုနားစွင့်လို့နေလေ၏။

သူတောင်အဝတ်အစားလဲပြီးပြီကိုပိစိတစ်ယောက်အခုထိအိပ်ရာမထသေးဘူး။

''ငါကမစောင့်ဘူး သူ့ဘာသာနောက်ကျကျန်ခဲ့''

သူတီးတိုးရေရွတ်ကာအင်္ကျီကြယ်သီးမြန်မြန်တပ်ပြီး သူ့အမေပြင်ပေးထားတဲ့ထမင်းကြော်ကိုထိုင်စားနေလိုက်၏။

သူထမင်းစားပြီးမှပိစိတစ်ယောက်ရေချိုးလို့ပြီးသည်။

ပိစိရေချိုးပြီးသည်နှင့်သူမအမေကအင်္ကျီဝတ်ပေးပြီးသနပ်ခါးမြန်မြန်လိမ်းပေး၏။

''ဒီအရွယ်ရောက်နေပြီ အခုထိငါကနောက်ကလိုက်လုပ်ပေးနေရတုန်း''

ပါးစပ်ကသာပွစိပွစိပြောနေပေမယ့်ဒေါ်ခင်မာကသမီးဖြစ်သူကိုခေါင်းစခြေဆုံးပြင်ဆင်ပေးပြီးထမင်းပါခွံ့ကျွေးနေပြီဖြစ်သည်။

ရှိုင်းမင်းထင်လည်းပါးစပ်ကသာမစောင့်ဘူးပြောနေပေမယ့်အခု​သူမကိုအိမ်ရှေ့မှာရပ်စောင့်လို့နေလေ၏။

ရာဇမာန်ကတော့သူ့အစ်မကစက်ဘီးနဲ့လိုက်ပို့နေပြီမို့သူနဲ့ပိစိသာကျန်တော့သည်ဖြစ်ရာ သူဝန်းထရံမှာကပ်ထောင်ထားတဲ့သူ့စက်ဘီးကိုခြံထဲကနေသွားထုတ်လိုက်လေသည်။

ထိုအခိုက် ပိစိကအိမ်ထဲကနေအမောတကောထွက်လာပြီးမှ...

''သွားမယ် ငါပြီးပြီ''

''တက်''

''စက်ဘီးနဲ့သွားမှာလား''

''အေး နင့်ကြောင့်နောက်ကျကုန်ပြီလေ''

ရှိုင်းမင်းထင်ကသူ့ကျောပိုးအိတ်ကိုရင်ဘတ်မှာပြောင်းလွယ်လိုက်ပြီး ပိစိရဲ့လွယ်အိတ်ကိုတော့သူ့စက်ဘီးခြင်းထဲကိုထည့်လိုက်သည်။

Half of the heart[completed]Where stories live. Discover now