Chapter.1

9.3K 154 2
                                    

Unicode

Half of the heart

Episode.1

''ရာဇမာန်...ဒီကိုလာဦး''

သူ့ခြံထဲမှာဆော့နေတဲ့သူကိုအိမ်ရှေ့ထိကိုယ်တိုင်ကိုယ်ကျသွားခေါ်သောကလေးမလေး။
သူမလက်ထဲမှာလည်းရောင်စုံသားရေကွင်းလေးတွေကိုချိတ်ဆက်ထားသောကြိုးတစ်ချောင်းကိုကိုင်ထားလေ၏။

''ဘာလဲ''

''လာဦးလို့...လာလာ''

အသားကဖြူစွတ်စွတ်နဲ့ ပါးမှာသွေးကြောနနီလေးတွေပါထင်းနေပြီး မျက်လုံးလည်းအရမ်းလှ​သောကောင်လေးကစက်ရုပ်အနီလေးကိုကိုင်၍သူမထံရောက်လာလေသည်။

''ဘာလဲပိစိ''

''ငါကြိုးခုန်မလို့ အဲဒါနင်ကတစ်ဖက်ကိုင်ပေး ကျန်တဲ့တစ်ဖက်ကိုကသစ်ပင်မှာချည်လိုက်မယ်''

''ငါဒီမှာကိုယ့်ဘာသာဆော့နေတာကို မကိုင်ပေးချင်ဘူး''

''ရာဇမာန်! နင်ငါ့စကားကိုနားမထောင်ရင်ကျောင်းမှာငါနင့်ကိုပစ်ထားမှာနော်''

သူတို့ကတစ်ကျောင်းတည်းဖြစ်ပြီးအတန်းကတော့ပိစိကတစ်နှစ်ပိုကြီးသည်။
ကျောင်းသွားကျောင်းပြန်ကိုတော့ရာဇမာန်ရဲ့အစ်မစက်ဘီးနဲ့အပို့အကြိုလုပ်ပေး၏။

သူမနာမည်အရင်းကဆုပြည့်ရွှန်းလဲ့တဲ့။ဒါပေမယ့်အကုန်လုံးကအိမ်နာမည်ပိစိကိုသာသိကြခေါ်ကြလေသည်။

သူမကခြိမ်းခြောက်တော့ရာဇမာန်ကဆူပုပ်ပုပ်နဲ့ပဲပိစိနောက်ကလိုက်လာလေ၏။

ပိစိကဗံဒါပင်ရဲ့ပင်စည်မှာကြိုးစတစ်ဖက်ကိုချည်၍ ကျန်တဲ့တစ်ဖက်ကိုတော့ရာဇမာန်ကိုကိုင်ခိုင်းလေ၏။

''သေချာကိုင်နော် ငါခုန်တော့မှာ ကြိုးလွတ်လို့ကတော့နင့်ကိုခေါင်းချည်းပိတ်ခေါက်မယ်''

''အင်းပါ''

ရာဇမာန်ဆိုတာကပိစိရဲ့နိုင်ဖော်နိုင်ဖက်။

ပိစိကြိုးစခုန်ပါပြီဆိုကတည်းကရာဇမာန်ကမေးလေးထောက်ကာဖြင့်ကြည့်နေသည်။

သူမကဖြင့်မမောနိုင်မပန်းနိုင် တစ်ဆင့်ပြီးတစ်ဆင့်ခုန်နေတုန်း။

Half of the heart[completed]Where stories live. Discover now