မျက်နှာများကိုရိုက်ခြင်း-2

2.6K 384 4
                                    

အပိုင်း (၃၇)မျက်နှာများကိုရိုက်ခြင်း-2

"ဟို.. ဒီက သခင်မလေးတို့ နားလည်မှုလွဲနေပြီထင်ပါတယ် ဒီရတနာတွေက ကျွန်မတို့သခင်ကြီးက ကျွန်မတို့ရဲ့သခင်လေး အိမ်ထောင်ပြုသွားတဲ့အတွက် စီစဥ်ပေးလိုက်တဲ့ လက်ဆောင်တွေသာဖြစ်ပါတယ် တခြား ဘယ်သူ့အတွက်မှ မဟုတ်ပါဘူးရှင်"

ထိုစကားသံ ထွက်ပေါ်လာပြီးနောက် လေထုကအေးခဲသွားသလိုပင်။

ရတနာသေတ္တာတွေ ရွေးနေကြတဲ့လူတွေက ရုတ်တရက်ကြီး အစေခံတွေက ရတနာတွေကိုပြန်ပိတ်သွားလို့ ဘာလုပ်တာလဲလို့ မေးမလို့အချိန်မှာပဲ  သူတို့က ဒီစကားတွေ ကြားလိုက်ရတာဖြစ်ပြီး သူတို့က အလျှင်မြန် မတုန့်ပြန်နိုင်ခဲ့ပါချေ။

နောက်တော့ ပထမဆုံးတုန့်ပြန်လာတဲ့သူက ကျောင်းလန်ဖြစ်၍ သူမက မယုံကြည်နိုင်စွာနှင့် အော်ဟစ်လာလေ၏။

"နင်က ဘာတွေပြောနေတာလဲ!!"

ဒါက ဘယ်လိုစကားလဲ? ပိုင်ရှောင်ဖူက သိသိသာသာ သူတို့အတွက် လက်ဆောင်တွေလို့ ပြောခဲ့တာမဟုတ်ဘူးလား။

သို့သော် ရှင်းလုသည် သူမတို့ အော်လိုက်တိုင်းကြောက်မည့်သူမဟုတ်သဖြင့် သူမက အပြုံးလေးဖြင့်သာ ပြန်ရှင်းပြလိုက်လေသည်။

"ကျွန်မပြောတာက ဒီရတနာသေတ္တာတွေက ပိုင်သခင်ကြီးတို့က သူတို့သားအတွက် ပြင်ဆင်ပေးထားတဲ့ လက်ဆောင်တွေပါလို့ ဒီကသခင်မလေးတို့က နားလည်မှုလွဲနေတယ်လို့ ပြောလိုက်တာပါရှင်"

ရှင်းလုသည် ကျောင်းအိမ်တော်က အစေခံမဟုတ်ပေ။ ပြီးတော့ အဲတာက ပင်မအိမ်တော်မဟုတ်ဘဲ တခြားအိမ်တော်တွေဆို သူမက ပိုလို့တောင်မကြောက်ပါဘူး။

ကျောင်းလန်မျက်နှာက စိမ်းဖန့်လို့သွား၏။ နောက်တော့ အရှက်တရားကြောင့်လား၊ ဒေါသကြောင့်ပေလားမသိ နီရဲလို့သွားပေသည်။ ဘယ်လိုပဲနေနေ သူမက ဒီစကားကို လက်မခံနိုင်၍....

"နင်ကဘယ်သူလဲ! ပိုင်ရှောင်ဖူကိုယ်တိုင်က ဒီလက်ဝတ်ရတနာသေတ္တာတွေက ငါတို့အတွက် လက်ဆောင်တွေလို့ ပြောထားတာလေ! နင်က ဘယ်သူမလို့ မဟုတ်ဘူး လာပြောနေရတာလဲ!! အဆင့်နိမ့်တဲ့ အစေခံမကများ! ဒီမှာ နင်ပြောဖို့ နေရာမရှိဘူး!!"

ငယ်ရွယ်သည့် အကြံပေးအမတ်လေး၏ ကျေးလက်တောရွာကဇနီးWhere stories live. Discover now