မာန်စွယ်ကိုကြည့်ပြီး မိခင်ဖြင့်သူမှာရူးမကြီးတယောက်လိုမာန်စွယ် ကဘာမှကောင်း ကောင်းမစားတော့သလို ပုံမှန်လည်းမအိပ် အိပ်ချိန်မမှန် စားချိန်မမှန်တာကြောင့် နာတာ ရှည်စွဲနေသူတစ်ယောက်လို အမြဲတမ်းတမှိုင်မှိုင်တတွေတွေ ဒေါ်မြသွယ်မှာတော့ သားရှေ့ရောက်ရင်ပြုံးပြလိုက် နောက်ကွယ်မှာကျိမ့်ငိုလိုက်နဲ့သံသရာလည်နေသည်။ဆရာဝန်တွေကလည်းအတတ်နိုင်ဆုံးတော့ ကြိုးစားပြီးကုသပေး ပေမဲ့လည်းမာန်စွယ် အခြေအနေက မတိုးတက်လာတစ်နေ့တခြားပိုလို့သာဆိုးလာသည်။အဟာရချို့တဲ့လာတဲ့ခန္ဓာကိုယ်နှင့်အတူစိတ်အစဉ် တို့ကလည်းပုံမှန်မဟုတ်ချင်တော့ စိတ်ဝေဒနာခံစားရနေသလို အိမ်တဲ့ချိန်တိုင်းလဲ ရှိုင်း ဟူပြီးအော်၍လန့်လန့်နိုးတတ် သည်။ဆရာဝန်တွေလည်းစိတ်မကောင်းကြအမြဲတမ်းတစ်ယောက်သောသူကိုသာတနေပြီးအခုဆို တစ်ယောက်ထဲစကားပြောတဲ့အဆင့်ကိုတောင်ရောက်နေလေပြီ ထိုထက်အခြေအနေဆိုးပါကစိတ်ကျန်းမာရေးဆေးရုံကိုတောင်ပြောင်းဖို့ ဦးကျော်နိုင်တို့လင်မယားနှစ်ယောက်စီစဉ်ထားလေသည်။
"ဖေဖေ"
(၄)လလောက်ကြာမှထွက်လာတဲ့သူ့ကိုခေါ်တဲ့စကားတခွန်း၊ပြာပြာသလဲထူးရင်း။
"သားဘာလုပ်ချင်လို့လဲဖေဖေကိုပြော"
"သား Hotpot စားချင်တယ်"
"ကျွေးမှာပေါ့ ငါ့သားစားချင်တာကိုဖေဖေဝယ်ပေးမယ်နော် ခဏစောက်နော်"
ဦးကျော်နိုင်ဝမ်းသာမျက်ရည်တို့ဖြင့် Hotpot မှာဖို့ထွက်လာတော့ဒေါ်မြသွယ်နှင့်တိုးတော့။
"ဘယ်သွားမလို့လဲ ကိုနိုင်"
"သားက Hotpot စားချင်လို့တဲ့အဲတာမှာပေးမလို့ပါ သွယ် ရယ်"
"သားလေးကစားချင်တယ်ဆိုတော့မြန်မြန်မှာပေးလိုက်ပါအုံးကိုနိုင်ရယ်"
"အင်းပါ အကိုအခုဘဲမှာလိုက်မယ်"
"သားဆီသွားလိုက်ဦးမယ်"
သား ဆီသွားမယ်ဆိုပြီးပြေးသွားတဲ့ချစ်ဇနီးရဲ့ကျောပြင်လေးကိုခဏငေးနေမိသေးသည်။
ပြီးမှသားအတွက် Hotpot မှာပေးလိုက်ရသည်။
သားဖြင့်သူကထူးထူးဆန်းဆန်းပြုံးရယ်လို့ဘာမှမဖြင့်တော့သည့်သူလို စားစရာတွေကိုလည်း တစ်မျိုးပြီးတစ်မျိုးမှာယူစားသေးသည်။ရယ်စရာစကားတွေပြောရင်း ပျောက်ဆုံးနေပြီဖြင့်တဲ့နွေးတွေးမှုလေးကတစ်ဖန်အသက်ပြန်ဝင်လာလေသည်။ဒီလိုလုပ်နေတာကသူတို့ကိုအပြီးတိုင်နှုတ်ဆက်သွားတော့မယ်ဆိုတာ ဒေါ်မြသွယ်တို့ဇနီးမောင်နှံမသိသလို၊မရိပ်မိခဲ့ကြပါ။
YOU ARE READING
မျဉ်းပိုင်နှစ်ကြောင်းရဲ့သီအိုရီ
Actionဆုတောင်းသာမှန်ခဲ့ပါကမင်းနဲ့ပြန်ဆုံချင်သေးတယ်ကွာ