Part-3

4 1 0
                                    

  သူကြီးအိမ်ကပြန်လာပြီးနေ့စည်လုပ်နေကျလုပ်တွေကိုသံပတ်ပေးထားသလိုလုပ်နေသည်။
  တစ်နေ့လုံးလုပ်နေရတဲ့ကိစ္စတွေကလည်းမပြီးနိုင်မစီးနိုင်။

"ဟူးးးးးး နောက်ဆုံးတော့ပြီးပြီ"

  တစ်ယောက်ထဲညီးညူရင့်အိပ်ရန်အပြင်ကိုထွက်လာလိုက်သည်။နေကလည်းမပူဘူးဆိုပေမဲ့၊နေပူထဲတော့ကြာကြာမနေနိုင် ဝိုင်းထဲကမန်းကျီးပင်အောက်ကကွပ်ပျစ်လေးမှာ ခေါင်းခုလေးတလုံးယူရင်းလှလိုက်သည်။ဘာမှမကြာလိုက်အိပ်မက်ကမ္ဘာထဲလက်ပစ် ကူးနေတော့သည်။
.
.
.
.
.
.
.
  ဗန္ဓနက အရင်ဘဝက     ရှိုင်းဆိုတဲ့ဖြစ်တည်မှုနဲ့ အဖြစ်အပျက်အားလုံးကိုမေ့ထားခဲ့တော့သည်။အခုလိုဖုန်ထူထူလမ်းလေးမှာလျှေက်ရင်းဘေးတဖက်တစ်ချက်စီကလယ်ကွင်းစိမ်းစိမ်းလေးတွေကိုမြင်ရတဲ့အခိုက်လေးကအရမ်းလှသည်။နေဝင်ဆည်းဆာကို ဩရဂဠုဘုရားပေါ်ကနေကြည့်ရင်နေဝင်ဆည်းဆာကလှလွန်းသည်။ရွာထိပ်ရေကန်မှာရေသွားခတ်တဲ့မိန်းမပျိုလေးတွေကိုကောင်လေးတွေကလိုက်ပိုးနေတာတွေ၊သူ့ကိုချစ်ပေးတဲ့သူတွေလည်းရှိသေးသည်။သူဘဝကဘာမှမလိုပြည့်စုံလွန်းနေလေပြီဆိုတာဗန္ဓနကိုယ့်ကိုကိုယ်သာအသိဆုံးပင်။ဒါပေမဲ့ ရွာထဲဓားပြတွေဝင်တာကလွဲလို့အားလုံးအဆင်ပြေသည်။
  ညဘက်ရောက်ပြီဆိုရင်ဘယ်လူချမ်းသာအိမ်ကဓားပြတိုက်ခံရမလဲလို့အမြဲနားစွင့်နေရသေးသည်။ရွာနီးချုပ်စပ်မှာတိုက်ဖို့အိမ်တွေကုန်တော့ဓားပြတွေကသူတို့ရွာဘက်ကိုခြေဦးလှည့်လာလေသည်။ညဘက်ဘာမှမရှိ ဖုန်းတို့ တီဗီတို့မရှိတဲ့ဒီဘက်ခေတ်မှာညဘက်တစ်ယောက်ထဲဖြတ်သန်းရတာအဆင်မ‌ပြေအဖော်ကလည်းမရှိပြန် သီချင်းသာအော်ဆိုပြစ်ချင်မိသည်။
  သီချင်းကိုအာဗြဲကြီးနဲ့အော်ဆိုဖို့အားယူတုန်းမြင်းဟီးသံကြီးကိုကြားတော့ထွက်တော့မယ်လေတွေကဗိုက်ထဲကိုပြန်ဆင်းသွားပြန်သည်။ဓားပြတွေတော့ရွာထဲဝင်လာပြီဘယ်အိမ်ဓားပြတက်တိုက်မယ်မသိသေး စပ်စုချင်ပေမဲ့လည်းဘုရားကပေးတဲ့ဒုတိယအသက်ကိုတော့မစတေးချင်။
  ကြားနေရတဲ့မြင်းခွာသံကတစ်ကောင်နှစ်ကောင်နဲ့မနေ အနည်းဆုံးဆယ်ယောက်လောက်တော့အသာလေးပင် မြင်းခွာသံကသူတို့အိမ်နားတဝှိုက်မှာကြားနေရတာမို့ဒီနားကတစ်အိမ်အိမ်မှာဓားပြတိုက်မည်ထင်ဒီနားမှာဆိုဦးစောချစ်တို့အိမ်ကလွဲတခြားအိမ်တော့ရှိမည်မထင် ဦးစောချစ်ဆိုတဲ့သူက ငွေတိုးချေးစားပြီးအတိုးကိုလည်းမတရားယူ ကပ်စေးကလည်းကုတ်သလားမမေးနဲ့တစ်ပြားကိုတောင်နှစ်ပြားဖြင့်အောင်ခွာချင်နေတဲ့လူမျိုး မစားရက်မသောက်ရဲ့အနှစ်နှစ်အလလစုထားတဲ့ဦးသောချစ်ရဲ့ငွေတွေကတော့ဓားပြတွေလက်ကအကုန်ပါသွားတော့မည်ထင်ပါ့။ဦးစောချစ်တို့ကလည်းခေသူတော့မဟုတ်အထက်ကရာရှိတွေနဲ့အဆက်သွယ်ရှိတာမို့တော်ရုံလူတော့သွားရုတ်လို့ရတဲ့သူတော့မဟုတ်။

မျဉ်းပိုင်နှစ်ကြောင်းရဲ့သီအိုရီWhere stories live. Discover now