"မိုးဇက်ခမောင်!"
"ဗျာ မောင်"
တိတ်ဆိတ်နေတဲ့မနက်ခင်းတစ်ခုမှာ ဒေါသတစ်ကြီးဖြစ်နေတဲ့အော်သံနက်ကဖုံးလွှမ်းနေုပီး ပြောသမျှကို ခေါင်းလေးငုံ့ပြီးနားထောင်မဲ့ကောင်လေးတစ်ယောက်လဲရှိလေတယ်။
ဒီလိုပါပဲလေ ချစ်တော့လဲ အရှုံးပေးရုံပေါ့။
ခ တစ်ယောက် အနောက်မှာ မောင် မနိုးလာခင်စားမို့မနက်စာပြင်နေရင်း မောင့်ရဲ့ ခပ်စူးစူးအော်သံနက်ကိုကြားလိုက်လို့ အိမ်ရှေ့ပြေးထွက်လာရသေးသည်။
"ပြောပါ မောင်"
"တောက်စ်! စောက်ချိုးကိုမပြေတာ မင်းငါ့အင်္ကျီကိုဘာလို့မလျှော်ထားတာလဲ ဟမ်!"
"ဟင်! မောင်ပဲ မောင့်ပစ္စည်းတွေ ထိတာမကြိုက်ပါဘူးဆို "
ခ မောင့်ကိုနားမလည်သလို မေးခွန်းပြန်ထုတ်မိလိုက်တယ် ဟိုတလောကတင်ကို သူ့အင်္ကျီယူပြီးလျှော်လို့ဆိုပြီး ခ ကိုသက်သက်မဲ့
ပြသာနာရှာတာသူမဟုတ်တဲ့အတိုင်း။"ကျစ်! မင်းကလူမဟုတ်တော့ဘူးပဲ
လင့်ဝတ္တရားနဲ့အညီတော့နေထိုင်ရမှာပေါ့ကွ မင်းဟာက နည်းနည်းများသွားပြီမထင်မိဘူးလား ဟမ်!""ဟုတ်ကဲ့ မထင်မိပါဘူး"
"ဘာ!"
ခ ဒီတစ်ခေါက်တော့ တော်တော်သီးမခံနိုင်တော့တာပါ။ လက်ထက်ပြီးတဲ့တစ်လျှောက်လုံးလဲ သူ့ကိုလွတ်လပ်ခွင့်အပြည့် ပေးထားတဲ့ အပြင် ပြောသမျှ၊ထင်တိုင်းကြဲသမျှကို မညိုညင်ပဲခံပေးခဲ့တာပါ ဒီလောက်ကြီးကျ သိပ်ပြီးမုန်းနေကြောင်း ပေါ်လွင်မနေဘူးလား။
ခ လည်း လူပါမုန်းတတ်တယ် ချစ်တတ်တယ် ခံစားတတ်တယ် ဝမ်းနည်းတတ်တယ် ပျော်ရွှင်တတ်တယ် ဒါပေမဲ့ မောင်နဲ့ လက်ထက်ပြီးကတည်းက ခ မှာပျော်ရွှင်နေတဲ့အချိန်မရှိပါဘူး ပျော်အောင်မထားတာထက်သူက ကိုယ်ပျော်နေတာကိုမမြင်ချင်တာဆိုပိုမှန်လောက်မယ်။
ခ ဒီတစ်ခါတော့ သူနဲ့ စကားနိုင် လုကြည့်အုံးမှာ မနိုင်မှန်းသိပေမဲ့ ရှုံးတော့မရှုံးနိုင်ဘူးလေ ရင်ထဲမှာ ရှိနေတဲ့ အစိုင်အခဲတွေနဲနဲတော့ လျော့တာပေါ့
"ဟုတ်ပါတယ် ကိုသွေးမင်းစစ်မောင် ကျွန်တော်မှားတယ်လို့မထင်မိပါဘူး ဒါဟာ ကိုသွေးမင်းစစ်မောင် သက်သက်မဲ့ ပြသာနာရှာတယ်လို့ သုံးသပ်မိပါတယ်ခင်ဗျ"
စစ် အံ့သြမိသွားတယ် တစ်သက်နဲ့တစ်ကိုယ်ကိုယ်ကချည်းသူ့ကိုနိုင်လာတာပါ အခုသူက ကိုယ့်ကိုပြန်တောင်ခံပြောပြီး အပြစ်တင်နေတာပဲ
"ဘာ ပြောလိုက်တယ် မိုးဇက်ခမောင် ဟမ်!ငါနားကြားလွဲသွားတာလား အဟက်!ထင်တဲ့အတိုင်းပဲ မင်းလဲ မင်းအဖေလိုပဲ လေကြီးလေကျယ်ပဲကိုး ပြောတော့ မောင်ပြန်ချစ်လာအောင်ကြိုးစားမှာပါဆို ဟမ်! စောက်ရေးမပါတာ"
သူဆီက ကြားလိုက်ရတဲ့စကားကြောင့် ခ ဒေါသရိပ်ပိုလွှမ်းသွားရသည် ဘယ့်နဲ့ လွန်
လွန်းတယ် ဘာရန်ညိုးမှမရှိတဲ့ဖေဖေ့ကိုဆွဲထည့်နေတာကြီးက"ဒီမှာ မောင်! ခ ပြောခဲ့တဲ့ စကားမှာမုသားမပါတာမောင်အသိဆုံးဖြစ်မှာပါ ပြီးတော့ ဘာမှမဆိုင်တဲ့ဖေဖေ့ကိုဆွဲမထည့်ပါနဲ့ ခ မကြိုက်ဘူး ပြောချင်ရင် ခ ကိုပဲပြော"
သူ့အဖေကိုထိတာနဲ့ လူတောင် ထထိုးမယ့် အနေအထားနဲ့မို့ စစ် မဲ့ပြုံးပြုံးလိုက်ပြီး
"အဟက်! နာတတ်သားပဲကိုး ဒီထက်နာတာမြင်ချင်လိုက်တာနော်"
"ဝုန်း!"
"အ့"
"စမ်းကြည့်မလား အခုနောက်ပိုင်းခင်များကိုမြင်တာနဲ့ လုပ်ချင်လာလို့"
ရုတ်တရပ်ကြီး အနောက်ကိုတွန်းချလိုက်တာမို့ ခ ဟန်ချက်မထိန်းနိုင်လိုက် အပေါ်သို့ မိုးတတ်လာပြီး ဘာတွေလာပြောမှန်းလဲမသိ၊ရန်ဖြစ်နေရာကနေရုတ်တရပ်ကြီး၊ မောင်ဆိုတာအဲ့လိုလူစားမျိုး
"ဟင့်အင်း!"
"သေချာလား"
ပြောလဲပြော လက်တွေကလဲအညိမ်မနေပဲ ရင်သားချပ်ချပ်လေးတွေကို လာဖိနေတာကြောင့် ခ ညည်းသံပိစိလေး ထွက်မိပါသေးသည်။
"မောင့်! အဟင်း"
"တစ်ချီပဲ"
"ပြွတ်စ်"
...........................................
ဒီလိုနဲ့ မနက်အလုပ်သွားမဲ့ မောင်လည်း အလုပ်မရောက်လိုက်သလို ဟင်းချက်ပေမယ့် ခ လဲ တစ်ပတ်လောက်မထနိုင်လိုက်ပါ။
>>>>>>>>>>>>
ဟဟ လာမယ်လေ အချိုအရင်စားထား အခုတော့ ဖြည်းဖြည်းချင်းသွားကြတာပေါ့နော်😅
.
.
.
.
..
.
.
.
.
.
Writer by Jan..
YOU ARE READING
'ခ'
Diversos"ပြိုင်ဆွဲနေကြရရင်တောင် မောင်က အရင်လွှတ်ချမှာစိုးလို့ ကိုယ့်ဘက်ကပြန်ဆွဲနေတဲ့ အဖြစ်ပါမောင်ရယ်"