ep 2

6 0 0
                                    

ဒေါက် ‌ဒေါက် "မမလေး"
"ဆရာကတော်ကနိုးခိုင်းလိုက်လို့ပါ မနက်စာအဆင့်သင့်ဖစ်ပါပီ မ‌မလေး"
နိုးတစ်ဝက်မနိုးတစ်ဝက် မျက်လုံးတွေနဲ့စောင်အထပ်ထပ်ပုံတွေထဲကနေပြီးတော့
"ဟုတ်ကဲ့ ကြီးလေး မိုး ခဏနေဆင်းခဲ့မယ်နော်"
မိုးရာသီကိုမကြိုက်တဲ့အချက်ကလေ မနက်ပိုင်းအိပ်ရာထဖို့ မနည်းကြိုးစားရတာဘဲ ဟူးးး

"သမီးလေး နိုးပီလား ကောင်းကောင်းရောအနားယူဖစ်ခဲ့ရဲ့လား"
မိုးကိုတွေ့တာနဲ့ အပြုးတွေနဲ့ကြိုဆိုနေသောသူရဲ့ မား၊ မားနဲ့ခွဲနေရတာ ဘယ်လောက်တောင်ကြာပီလဲ သူ Canada မှာကျောင်းသွားတက်ပြီး ခွဲနေခဲ့ရတာ 5နှစ်‌ကျော်ကျော်လောက် မားရဲ့ အပြုံးတွေကိုလွမ်းနေခဲ့တာ
"ဒါပေါ့ မားရဲ့ မိုး ရဲ့ အိပ်ရာ အခုထက်ထိ နူးညံပီးအိပ်လို့ကောင်းနေတုန်းဘဲ "
လို့ပြောရင်း မားရဲ့ ပါးတစ်ချက်ကို နစ်ဝင်သွားအောင်နမ်းပြီး မား ရဲ့ဘေးကိုဝင်ထိုင်ခဲ့တယ်
"ဟာ ဟား ဟုတ်ပါပီကွယ် ဒါဆိုလည်း ထပ်ပီးပျော်ရအောင် ကလေးလေး အကြိုက် မား နန်းကြီးသုပ်လုပ်ထားလေရဲ့"
ဟုတ်ပါတယ် မိုးရဲ့မား က အရမ်းနူးညံတဲ့အမျိုးသမီး‌ လို့ပြောလို့ရတယ် အမြဲတမ်း ကလေးတစ်ယောက်လို့ဆက်ဆံနေတော့တာဘဲ တစ်ခါမှ ဆူပူကြိမ်းမောင်းတာတွေလည်း တစိုးတစိမျှတောင်မလုပ်ခဲ့ဘူးလေ။ ဒါပေမယ့် မိုးရဲ့ ပါးပါး ကတော့ ဒီလိုမဟုတ်ခဲ့၊
" ကဲ မတွေ့ရတော့မယ့်သူတွေလို စကားများမနေကြနဲ့ "
ဟု ပါးပါးရဲ့ လေသံဟာ မိုးတို့ သားအမိ လေထုကြားထဲ ဝင်ရောက်လာခဲ့လေတယ်
"ဟုတ် ပါးပါး"
"ပြီးရင်  Company မှာလေ့လာဖို့ လိုက်ခဲ့၊ အဆင်ပြေရင် တစ်ခါတည်း အလုပ်ဝင်လုပ်ရမယ်။"
"ဟုတ်ကဲ့" မိုးက ‌Canada မှာ business major နဲ့ကျောင်းတက်ခဲ့၍ ပါးပါးက သူ့ ရဲ့ မြန်မာနိုင်ငံက TOP 10 construction  company of UMK မှာ ဝင်ရောက် ဦးစီးစေချင်နေတာလေ ။
‌မိုးရဲ့ မနက်စာ စားပြီး စောင်ထဲပြေးခွေနေစေချင်တဲ့ အိမ်မက်တွေတော့ ပျက်စီးကုန်ပါပီထင်တယ်။
ဟုဆိုပီးမားနဲ့မျက်စပစ်ပြပြီး မျက်နှာပြုံးပြုံးလေးဖြင့် မိသားစုသုံးယောက်ရဲ့ မနက်စာ ဝိုင်းလေးဟာ ထိုကဲ့သို့ ပြည့်စုံနေခဲ့ပါတယ်၊ပါးပါးကတော့ မျက်နှာကြီးကိုစူပုတ်နေတာတော့ ထည့်မပြောတော့ဘူးနော်။

LightWhere stories live. Discover now