Part-12

604 55 16
                                    

"ဒယ်ဒီ..."

" ပြောပါဗျ"

" မာလာရှမ်းကော စားချင်လို့"

" မှာလိုက်လေ...ပိုက်ဆံလွှဲလိုက်မယ်"

" ဘာဘယ်တီးရော"

" ကဲ....ချာတိတ်ရေ...စားချင်တာမှာထား ပြီးရင် စာရင်းလုပ် ညနေကျ လွှဲပေးထားမယ်"

" ရက်စ်...ဒယ်ဒီ"

" ဒါဆို စာလုပ်တော့နော်"

" ဟုတ်ကဲ့ ဒယ်ဒီ"

လွမ်း ဖုန်းချပြီးတော့ စာပဲဆက်ကြည့်နေလိုက်သည်။ ပထမနှစ်ဆိုပေမယ့် ဆေးကျောင်းမို့ စာတွေကခက်သည်။ သို့သော်လည်း သူ့ဘေးတွင် ဒယ်ဒီရှိနေသည်။ ကျောင်းပိတ်ရက်ဆို ဒယ်ဒီက စာလာရှင်းပြသည်။ ဒါပေမယ့်လေ သိပ်မကြာပါ။ ဒယ်ဒီက သူ့ရည်းစားရှိတဲ့နေရာသွားရမည်ဆိုသဖြင့် တစ်နာရီ နှစ်နာရီ ပြန်ပြေးလေ့ရှိသည်။

နွေ့အမြင်တော့ ထိုကလေးက တစ်ဦးတည်းသောသမီး အဖော်မရှိလို့ သူ့ကို ဆိုးနေသည်ဟု သဘောထားထားသည်။ ထိုကလေးကြောင့် နွေလည်း မပျင်းရပါ။ ထိုကလေးပြဿနာရှာတိုင်း ပတ်ရှင်းရတာနဲ့တင် အပျင်းပြေနေသည်။

———

" ပူတူး...ပူတူး...ကိုယ်ကြက်ဥကြော်တာ တူးသွားပြီ လာလုပ်ဦး"

ဆွေးရှိရာ ရွာတွင် နွေရောက်နေခြင်းပင်။ ရုံးပိတ်ရက်ဖြစ်နေသောကြောင့် နှစ်ယောက်သား အားနေကြသဖြင့် နွေရောက်လာကာ ဟင်းချက်နေကြခြင်းပင်။ နွေက အိမ်တွင် ဘာမှမလုပ်ခဲ့ရသူမို့ ကြက်ဥကိုပင် တူးအောင်ကြော်နေလေသည်။ ဆွေးက စာကျက်နေရာမှ အပြေးလေးလာပြီး လုပ်ပေးလိုက်ရသည်။

" ချစ်...အေးအေးဆေးဆေးလေးနေပါ...ဒါတွေက ဆွေးလုပ်မယ်..."

" ပူတူးလည်း ပင်ပန်းလို့ ဒီရက်လေးနားရမှာ ကိုယ်လာချက်ကျွေးချင်တာကို တူးသွားတာ"

" ကဲ...ကျွန်မမပင်ပန်းဘူးလို့...ကိုယ်ချစ်တဲ့လူချက်ကျွေးတာ ပင်ပန်းတာမှမဟုတ်တာ အဝတ်အစားလေးလဲပြီး စောင့်နေ ချစ် အဝတ်အစားတစ်စုံ မိုးမိလို့အပိုယူလာတဲ့အစုံ ယူဝတ်လိုက် အခု မီးသွေးတွေနဲ့ပေကုန်ပြီ"

နှလုံးသားတစ်ခုကို ထုဆစ်ခြင်းWhere stories live. Discover now