1

26 1 0
                                    

Unicode(only)

"ဆရာ ကျွန်နော်တို့သားလေး အခြေအနေဘယ်လိုရှိလဲဗျ မြန်"လေးပြောပေးပါလား စိတ်ပူလို့ပါဗျာ"
"ဟုတ်ပါတယ်ရှင် ဆရာရယ် ကျွန်မတို့ စိတ်ပူလို့ မြန်"လေးပြောပေးပါနော်"

ဓာတ်ခွဲခန်းထဲမှ ထွက်လာသောဆရာဝန်အား အပြင်တွင်ထိုင်စောင့်နေသော လင်မယားနှစ်ယောက်သည် အစိုးအရိမ်ကြီးစွာမေးနေလေ၏

"စိတ်မကောင်းပါဘူးဗျာ ကျွန်နော်တို့လည်း တက်နိုင်သလောက်လုပ်ပေးခဲ့ပါတယ် ဒါပေမဲ့ ကလေးဟာ မျက်လုံးကွယ်သွားပါပြီ"

ဆရာဝန်သည် သက်ပျင်းတစ်ချက် ချလိုက်ပြီးစိတ်မကောင်းသော မျက်နှာဖြင့်ပြောလာသောအခါ လင်မယားနှစ်ယောက်မှာ ရင်ကျိုးမတက်ဖြစ်သွားရ၏

"ရှင် !!"
"ဗျာ !!"
"အရမ်းကြီးတော့လည်း မလန့်သွားကြပါနဲ့ဗျာ ကလေးကမျက်လုံးကွယ်သွားတယ်ဆိုပေမဲ့ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရပါဘူး ကျွန်နော်တို့ အကုန်စစ်စေးပြီးပါပြီ"

ဆရာဝန်မှ မေ့လည်းမတက်ဖြစ်သွားသောမိန်းမနှင့် အလွန်အင်မတန်မှလန့်သွားသော ယောကျာ်းတို့အား အရမ်းစိုးရိမ်မလွန်စေရန်
အသက်အန္တရာယ်မရှိကြောင်း သေချာစွာရှင်းပြလိုက်မှ စိတ်အနည်းငယ်အေးသွားသည့်ပုံစံ

"တော်သေးတာပေါ့ရှင် အသက်အန္တရာတော့ စိုးမရိမ်ရဘူးဆိုတော့"
"ဟုတ်ပါတယ်ဗျာ ဒါမဲ့ဆရာ ကျွန်တော်တစ်ခုလောက်မေးလို့ရမလား"

စိုးရိမ်နေသည့်ပုံစံဖြင့် မေးလာသော ထိုယောက်ျား၏ အမေးကို ဖြေရန်ဆရာဝန်မှာ အဆင်သင့်ဖြစ်လို့နေပြီဖြစ်သည်

"ဟုတ် မေးပါဗျ"
"ဟိုလေ ကျွန်နော်တို့သားလေးက မွေးရာပါမျက်လုံးကွယ်တာမဟုတ်ဘဲ ရောဂါတစ်ခုကြောင့် မျက်လုံးကွယ်သွားရတာဆိုတော့ သူနဲ့ကိုက်ညီတဲ့မျက်ကြည်လွှာများ ရှိလာခဲ့ရင် သူရဲ့မျက်လုံးတွေကို အရင်လိုပြန်ကောင်းအောင်လုပ်နိုင်မလားဆရာ"
"သေချာပေါက်လုပ်နိုင်တာပေါ့ဗျ ဒီကအစ်ကိုပြောသလိုဘဲ မွေးရာပါမဟုတ်ဘဲ ရောဂါတစ်ခုကြောင့်မျက်လုံးကွယ်သွားတာဆိုတော့ ကိုက်ညီတဲ့မျက်ကြည်လွှာအလှူရှင်ရှိရင် ကုသနိုင်တယ်ဗျ"

Cαn gıve everчthıng for loveWhere stories live. Discover now