2.1

20 1 0
                                    

Unicode (only)


"ကျွန်တော့်နာမည် "Sim Jaehyun"ပါ
အသက်ကတော့ နောက်လထဲဆို 21ပြည့်တော့မှာပါဗျ"

ဂျယ်ယွန်းသည် အလွန်ပင် စိတ်လှုပ်ရှားမှုနှင့်အတူ သူ၏အရှေ့တွင် ရှိနေသောသူအားပြောလိုက်၏

"ဟုတ်ပြီ ဒါနဲ့ မောင်လေးက မျက်လုံးမမြင်ရဘူးဆို ဟုတ်တယ်မလား"
"အော်ဟုတ်ပါတယ်ဗျ အာ့ကြောင့် ကျွန်တော်ဘေးမှာ ဟောဒီ့တုတ်ကောက်လေးရှိနေတာပေါ့"

ဆိုပြီး သူကိုင်ထားသော တုတ်ကောင်လေးအား မပြလိုက်သည်

ထိုmanagerအစ်မသည် အလွန်ပင်စိတ်မကောင်းဖြစ်သွားသည့်ပုံစံပင်

"အောဟုတ်လား ကြားရ‌တာ စိတ်မကောင်းပါဘူးကွယ် ဒါနဲ့မျက်လုံးက ဘယ်လိုကွယ်သွားတာလဲ မွေးရာပါလားဟင်"

"မဟုတ်ပါဘူးဗျ ကျွန်တော်ငယ်"က ရောဂါတစ်ခုဖြစ်ပြီး မျက်လုံးကွယ်သွားခဲ့တာ"
"အော် ဒါဆိုမောင်လေးဘယ်လိုကျောင်းတက်ခဲ့တာလဲ"
"ကျွန်တော်က ကျောင်းမတက်ဘူးလေ ဒါမဲ့ကျွန်တော် သူငယ်ချင်း‌ေဂျာင်ဝန်းက ကျွန်‌ေတာ်နဲ့အသက်တူ အတန်းတူဆိုတော့ သူတစ်နေ့တာသင်လာရသမျှကို ကျွန်တော့်ကို အမြဲပြောပြတယ်လေ အဲ့တော့ ကျောင်းမတက်ခဲ့ရပေမဲ့လည်း ကျောင်းစာတွေနဲ့တော့ ရင်းနှီးခဲ့ရတာပေါ့"
"အော်ဒါဆို မောင်လေးရဲ့ သူငယ်ချင်းက တော်"ကောင်းတာဘဲ"
"ဟုတ်တယ်ဗျ သူက ကျွန်တော့်ကို ယုံကြည်တဲ့ တစ်ဦးထဲသော သူငယ်ချင်းလေ"
"မောင်လေး သူ့လိုသူငယ်ချင်းနဲ့တွေ့ရတာ ကံကောင်းပါတယ်လေ"

ဟုတ်ပါတယ် ဂျယ်ယွန်းအတွက်တော့ သူ့သူငယ်ချင်း ဂျောင်ဝန်းကို ပိုင်ဆိုင်ရသည်မှာဒုတိယကံကောင်းခြင်းလို့ဘဲ ပြောရမှာပေါ့

"အော် ဒါနဲ့လေ အစ်မမေးစရာကျန်သေးတယ်မောင်လေး"
"ဟုတ်မေးပါဗျ"
"မောင်လေးခုဏကပြောတာ guitar classတက်နေတယ်ဆို"
"အော် ဟုတ်တယ်ဗျ တက်နေတာကတော့ သုံးနှစ်လောက်ရှိပြီ"
"မောင်‌‌ေလးက မျက်လုံးမမြင်ရဘူးဆိုပြီး ဂီတာဘယ်လိုတီးတတ်တာတုန်း"

ထိုသိုမေးလိုက်သည့် အချိန်တွင် ဂျယ်ယွန်းသည် ‌ပြုံးသွားပြီး သူ့ရဲ့ တတိယမြှောက် ကံကောင်းခြင်းလေးအကြောင်းကို တွေးမိလိုက်၏

Cαn gıve everчthıng for loveWhere stories live. Discover now