1

950 67 2
                                    

ရေးးးးးး!!

ကျောင်းဘောလုံးကွင်းတစ်ခုတွင်  စုပုံသော လူများ၏ အော်သံတွေကြောင့် ဆူညံနေသည်။  အဓိကအကြောင်းရင်းက ကွင်းထဲက ဘောလုံးကန်နေတဲ့ ကောင်လေးတစ်ယောက်ကြောင့်ဖြစ်သည်။ အရပ်မြင့်မြင့် အသားကညိုသလိုရှိသည်။ မျက်ခုံးသည်မထူမပါးရှိပြီး ညှို့ယူနိုင်သော မျက်လုံးတစ်စုံ ပိုင်ဆိုင်ထားသည်။ ကြည့်သူတိုင်း သဘောကျသည့် ရုပ်ရည်မျိုးနဲ့မို့ မိန်းကလေးများ၏ အသဲစွဲဖြစ်သည်။

" မြန်မြန်လာ "

"အေးပါ"

ထိုမိန်းကလေးများထဲတွင် Pahn အပါအဝင်ဖြစ်သည်။ ခုလည်း ကစားနေတဲ့ ကွင်းအနားကို သူ့လက်တစ်ဖက်ဆွဲကာ တိုးဝင်နေသည်။ Fourth သည် ယောက်ျားလေးတစ်ယောက်ဖြစ်သော်လည်း ဘောလုံးပွဲကိုသိပ်သဘောမကျပေ။ ဒါပေမဲ့ ဘောလုံးပွဲအကြောင်းတော့ သိ၏။ ခုလည်း သူငယ်ချင်းဖြစ်သူ ခေါ်လာလို့လိုက်လာရတာ အနားမှာ မိန်းကလေးကတွေနဲ့ ယောက်ျားလေး အနည်းငယ်သာရှိသည်။

သူကွင်းထဲရှိ ထိုယောက်ျားလေးကို ကြည့်နေလိုက်သည်။ ဘောလုံးကစားသည်ကို အလွန်ကျွမ်းကျင်ပုံ ရသည်။ သူဘက်အဖွဲ့က သူကပဲ ဂိုးသွင်းနေသည်ကိုတွေ့ရ၍ တခြားအဖွဲ့ကသွင်းသည်ကို သိပ်မတွေ့ရ။ ဘောလုံးကစားနေသည့်ပုံမှာလည်း ချွေးများထွက်နေပေမဲ့ ဆွဲဆောင်မူရှိနေ၏။ ထိုယောက်ျားလေးက ကျောင်းရဲ့ King ဖြစ်တဲ့ Gemini Norawit ပင်ဖြစ်သည်။

ခုနကြာတော့ ကစားပွဲ ပြီးဆုံးသွားတော့သည်။ Gemin သည် ခုံပေါ်မှာတင်ထားတဲ့ ရေဘူးကိုယူကာ သောက်ပြီး ကျန်တစ်ဝက်ကို ခေါင်းပေါ်ကလောင်းချလိုက်သည်။ ရေစိုသွားသော သူရဲ့ ဆံပင်တွေကို လက်တစ်ဖက်နဲ့ အပေါ်လှန်သတ် လိုက်သည်။ ထိုအချိန် အနားမှာရှိတဲ့ မိန်းကလေးများကလည်း ထအော်ကြပါလေရော။ သူတို့ အသံပျောက်သည်အထိ အော်ပြီးခေါ်​နေပါစေ Gemini ကတော့ ပြုံးဖို့နေသာ တစ်ချက်တောင် လှည့်မကြည့်ခဲ့ပါ။ King ဆိုတဲ့နာမည်နဲ့အလိုက် မာနကြီးသောသူဖြစ်၏။

ရေဘူးကို ပြန်ချထားကာ သူတို့ဘက် တစ်ချက်မျှ မကြည့်ဘဲ သူလမ်းသူသာသွားသည်။ ဘယ်လောက်တောင် ဘဝင်မြင့်လိုက်လဲ။ မိန်းကလေးများသည်လည်း သူ့နောက်လိုက်သွားကြသည်။ သူတောင် Pahn ကိုအတင်းပြန်ခေါ်၍ နှစ်ယောက်သား အတန်းသွားတတ်ကြရတော့သည်။

My Boyfriend is football player Where stories live. Discover now