ဒီနေ့ Fourth တစ်ယောက် လန်းဆန်းနေသလိုခံစားရသည်။ လေပြေလေးတွေတိုက်ခတ်နေတာတွေ၊ ငှက်ကလေးတွေရဲ့ အသံလေးတွေ၊ ကား သွားနေတဲ့အသံတွေ၊ လမ်းဘေးဈေးသည်တွေ ဈေးရောင်းနေတဲ့အသံတွေကစ စိတ်ထဲ ကြည်နူးနေမိပြန်သည်။
ကျောင်း၀န်းထဲစ၀င်လာသည့်အခါ လေပြေလေညှင်းတွေ သူ့အရှေ့ကနေ တိုက်ခတ်လာတော့ ဆံနွယ်တွေက လေသွားရာဘက်သို့ လွှင့်နေသည်။ ထိုလေတွေကို ရှူရှိုက်လိုက်ပြီး လမ်းဆက်လျှောက်လာသည်။
စိတ်ထဲပျော်နေတော့ သိတဲ့သူမှန်သမျှကို အပြုံးချိုချိုလေးဖြင့်ပြုံးပြနေမိ၏။အရှုပ်အရှင်းလည်းကင်းသွားတော့ စိတ်ချမ်းသာသွားတာလည်းပါသည်ထင်သည်။ Gemini လား?။
အရင်နေ့က Pahn သူ့ကို အလန့်တကြားလာပြောသည်။
"Fourth! Fourth!"
"ဘာဖြစ်လာတာလဲ"
"နင် Gemini နဲ့တွေ့မိလို့လား"
"ဟင့်အင်း"
"Gemini ကပြောတယ် "
မောပြီး အသက်မနည်းရှူကာ ပြောနေတဲ့ Phan ကိုကြည့်ပြီး Fourth ဘေးနားက အချိုရည်ပေးလိုက်သည်။
"ရော့ ခနသောက်ပြီး ဆက်ပြော"
"Gemin ကလေ ငါ့ကိုပြောလိုက်တယ်"
"အေး"
"ဘာမှမဖြစ်သလို နေလိုက်မယ် တဲ့"
"အယ်"
"အဲ့တာပြောတာ နင်ဘာသွားပြောလိုက်လို့လဲ"
Fourth တစ်ယောက် ခေါင်းတဆက်ဆက်ခါပြတော့ Pahn တစ်ယောက် စဉ်းစားခန်း၀င်နေသည်။တကယ်တည်းကြ ဘာကြောင့် ခွင့်လွှတ်လိုက်လည်း သူလည်းမသိချေ။
အတွေးကမ္ဘာထဲမှာ တစ်ယောက်တည်းလွှင့်မျောေနတုန်း အနောက်ကနေ ခေါင်းကို လာရိုက်လိုက်တာကြောင့် အတော်လေးနာသွားသည်။
Fourth တစ်ယောက် ခေါင်းကို သူ့လက်နဲ့ကိုင်ရင်း နောက်ကိုလှည့်ကြည်လိုက်တော့ Chokun ပင်။ Chokun ရဲ့ မလှမ်းမကမ်းမှာ Pahn ကရပ်နေသည်။ ဒါကြောင့် Pahn ရိုက်တာမဖြစ်နိုင် Chokun ရိုက်တာဖြစ်မယ်ထင်ပြီး ကြည့်နေလိုက်တော့ သူ့ကို ပြုံးပြလာသည်။
![](https://img.wattpad.com/cover/375701955-288-k746768.jpg)
YOU ARE READING
My Boyfriend is football player
Romanceကျောင်းမှာပေါ်ပြူလာ ဖြစ်တဲ့ ဘောလုံးသမား Red flag ကြီး Gemin Norawit က အစွာလေး Fourth Nattawit ကိုချစ်မိသွားတဲ့ပုံစံလေးပါ><