(Uni)
လွှမ်းလည်းကျောင်းပြင်ကိုအရောက် Hunter
လည်းအရောက် အချိန်ကွက်တိဖြစ်သွားသည်။ထမင်းချိုင့်လေးကိုင်ကာ ပြုံးပြီး သူ့ဆီလှမ်း
လျှောက်လာတဲ့Hunterရဲ့ပုံလေးက
လွှမ်းအက္ခရာရဲ့ ရင်ထဲကိုလေပြေအေးလေးဖြတ်
တိုက်သွားသလိုပင်ခံစားလိုက်ရသည်။အဖြူရောင်တီရှပ်ပွပွကိုမှ ဆင်ဆွယ်ရောင်ဒူးပြဲ
ဘောင်ဘီနဲ့တွဲဝတ်ထားတဲ့ Hunterက ချစ်ဖို့
ကောင်းလွန်းသည်။"ကိုကို Hunterနောက်ကျသွားလို့တောင်းပန်ပါ
တယ်""နောက်မကျပါဘူး လာ ကန်တင်းကိုသွားရအောင်"
အမြဲတမ်းကန်တင်းမှာပဲစားပြီး ထမင့်ချိုင့်မထည့်တတ်တဲ့လွှမ်းက Hunterရဲ့သဘောအတိုင်း
လိုက်လျောပေးခ့ဲသည်။Hunterကိုခေါ်သွားတဲ့လမ်းတစ်လျှောက်လုံး
မိန်းကလေးတွေသာမက ယောကျာ်းလေးတွေ
ရဲ့ အကြည့်တွေက သူ့ညီHunterအပေါ်ကိုသာ
စုပုံကျလာသလိုပဲ။ စိတ်ထဲတော့သိပ့်မကျေနပ်
သလိုနဲ့ နေရတာအဆင်မပြေလှပေ။ အကြည့်ခံ
နေရတာ Hunterလေးဆိုပေမဲ့ နေရခက်ပြီးဘဝင်
မကျတာက သူဖြစ်နေသည်။ကန်တင်းကိုလည်းရောက်ရော ရှေ့ဝိုင်းထိုင်နေတဲ့
ခန့်ရသော်တို့ကိုခေါ်ဖို့ပြင်လိုက်တဲ့အချိန် အတန်းထဲက Queenဖြစ်တဲ့ ရွှေမှုံဆိုတဲ့ကောင်မလေး
က Hunterကိုနူတ်ဆက်လာခဲ့သည်။ မနေ့ကမှ
မြန်မာပြည်ရောက်လာတဲ့Hunterလေးနဲ့ ရွှေမှုံက
ဘယ်လိုခင်သွားတာလဲ။"Hey You တို့ကိုမှတ်မိလား? ဟိုတစ်နေ့ကမင်းနဲ့
တိုက်မိတဲ့တို့ကို""အာ......Sorry ကျနော်က အသုံးမဝင်တဲ့မှတ်ဉာဏ် တွေမျိုးဆိုမမှတ်မိဘူး"
Hunterရဲ့စကားကြောင့် ရှက်ကိုးရှက်တန်းဖြစ်
သွားတဲ့ရွှေမှုံက မျက်နှာအမှုယာကိုထိန်းလိုက်သည်။ဟုတ်လည်းဟုတ်တယ်လေ အမြဲတမ်းချေမိုးပြီး
သူများတွေကိူမတူသလိုမတန်သလိုဆက်ဆံနေ
လေ့ရှိတဲ့ရွှေမှုံက အခုသူငယ်ချင်းတွေရှေ့ ပြန်ပြီး
ချေမိုးခံလိုက်ရတော့ ခံစားရအတော်ခက်သွား
မှာပင်။