Part - 2

205 24 27
                                    

>> Unicode <<
~~~~~~~~~~~~

" ပုံရိပ် "

" ဗျာ "

" မျက်နှာသစ်ပါဆို ဘာရပ်လုပ်နေတာလဲ၊ ပြီးရင် မနက်စာလာစားတော့ "

ပုံရိပ် ခေါင်းညိတ်ပြီး မျက်နှာသစ်ခြင်းအမှုကိုအမြန်လက်စသတ်ရသည်။ အရေးထဲ ခေါင်‌မိုးပေါ်ကတဂျစ်ဂျစ်အသံကြောင့် အမြန်ထွက်လာခဲ့ရ၏။

မနက်စာဟာ လက်ဖက်ရည်နှင့်အီကြာကွေးရယ် ၊ ပဲပလာတာတွေရယ်။ ပုံရိပ် သဘောတကျနှင့် ရပ်နေတဲ့အကို့ရဲ့ပါးလေးကို ရွှတ်ခနဲနေအောင်နမ်းလိုက်တော့ အကိုကလှည့်ကြည့်သည်။

" စားတော့ "

" အကိုသွားဝယ်ထားတာလား "

" ဟုတ်တယ် အစကတော့ မင်းကိုလက်ဖက်ရည်ဆိုင်ခေါ်သွားမလို့ပဲ၊ နှိုးမရလို့ ဝယ်ပဲဝယ်လာလိုက်တာ၊ မင်းကိုစောင့်တာ လက်ဖက်တွေတောင် အေးကုန်ပြီ "

" အကိုရော... မစားဘူးလား "

" လက်ဖက်ရည်သောက်ခဲ့ပြီးပြီ "

" ကျွန်တော်တစ်ခါမှစောစောမထဘူး၊ အိမ်မှာဆိုရင် မနက်တိုင်း ၁၀ နာရီလောက်မှထတာ "

လက်ဖက်ရည်ချိုချိုကိုအရသာခံသောက်ရင်း အီကြာကွေးအိအိလေးနှင့်စားရတာ ပုံရိပ်ကြိုက်သည်။ အိမ်မှာဆိုရင်တော့ မေမေ့ရဲ့ဆီမသန့်ဘူးဆိုတဲ့အကြောင်းပြချက်ကြောင့် မနက်စာ အီကြာကွေးဆိုတာဝေးရော..။

" ဘာလို့အဲ့အချိန်ထိအိပ်တာလဲ၊ ညဘက်တွေ ‌နောက်ကျမှအိပ်လို့လား "

" အင်း... တစ်ခါတလေ မိုးလင်းမှအိပ်တာ "

အကိုက သူ့ကိုသေချာကြည့်နေပြီး ပုဝါလေးကိုရှေ့တိုးပေးရင်း..

" နောက်နေ့ မနက်စာလည်းဝယ်မထားပေးဘူး၊ စောစောအိပ်ရာထရင်ထ၊ မထရင် ကိုယ်ကထားခဲ့မှာ၊ warning ပေးလိုက်ပြီ "

အကို့ရဲ့စကားကြောင့် ပုံရိပ် အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ မနေ့ညကပဲ ချစ်သူဖြစ်ကြသည်။ ဒီမနက်မှာ ရာဇသံတွေကစလာပြီ။

" အကိုကလည်း.. ကျွန်တော်က အိမ်မှာလည်း မနက်တိုင်းဒီလိုပဲထလာတာလေ "

အိမ်Where stories live. Discover now