Part - 10

460 31 4
                                    

>> Unicode <<
~~~~~~~~~~~~

အကိုပြန်ပြောတာတွေနားထောင်ပြီး ပုံရိပ်မင်းထင်ရဲ့အဖြေကတော့တစ်ခွန်းတည်း။

" ကျွန်တော်အိမ်မပြန်ချင်သေးဘူး အကို "

" ဒါပေမဲ့ မင်းအိမ်က ကိုယ်ပြန်မလွှတ်တာလို့ထင်နေလိမ့်မယ် "

" မထင်လောက်ပါဘူး၊ ကျွန်တော်ပြန်ချင်တဲ့အချိန် ပြန်လို့ရတာပဲလေ "

အကိုကခေါင်းလေးညိတ်ပြ၏။

" မေမေက အကို့ဖုန်းနံပါတ်ဘယ်လိုရတာလဲမသိဘူး "

" ကိုယ်လည်းမသိဘူး၊ သိသိချင်းတောင် အံ့ဩနေတာ "

" ကျွန်တော်လည်းမပေးမိပါဘူး "

" မင်းသူငယ်ချင်းပေးလိုက်တာများလား "

ဆန်းသစ်စကိုပြောခြင်းပေ။ ပုံရိပ် အကို့ကိုလှမ်းကြည့်ပြီး..

" မဖြစ်နိုင်ပါဘူး၊ သူက ဘာလို့ပေးမှာလဲ၊ ကျွန်တော်ပေးလိုက်မိပြီး မေ့သွားတာလားမသိပါဘူးဗျာ "

မနေ့ကပြဿနာတက်ခဲ့တာနှင့်ပတ်သက်ပြီး သူတို့ဘာမှထပ်မပြောဖြစ်ကြ။ နှစ်ယောက်သားအေးအေးဆေးဆေးသာဖြစ်သည်။ လုံးဝမေ့သွားကြတာမဟုတ်ပေမဲ့ တမင်မေ့ထားဖြစ်တာကို ပုံရိပ်လည်းနားလည်ပါသည်။

ရည်းစားဆီမှာအရိုက်ခံရတာ ဘဝမှာပထမဆုံးအကြိမ်လေ။ ဘယ်မေ့နိုင်လိမ့်မလဲ။ ပြန်တွေးမိရင်လည်း စိတ်ထဲမှာတနုံ့နုံ့ဖြစ်ပေမဲ့ ကိုယ့်ဘက်ကလည်းမှားခဲ့တာမို့။

ညနေစောင်းအချိန်မှာ ဆန်းသစ်စက အိမ်ကိုရောက်လာသည်။ မနက်ဖြန်ရန်ကုန်ပြန်မှာမို့ နှုတ်ဆက်ပွဲလာလုပ်တယ်ဆိုပြီး ဝယ်လာတဲ့သောက်စရာတွေကလည်းမနည်း။ မနေ့ကမှ ပူပူနွေးနွေးပြဿနာတက်ထား၍ ပုံရိပ်ရှိန်သလိုလိုရှိပေမဲ့ အကိုက သောက်ဖို့အတွက် ရေခဲပါဝယ်ပေးလိုက်သေး။

ပြီးတော့ မှတ်ထားသလောက်ဆို ဒီနေ့က အကိုနားရက်မဟုတ်။ ဂျူတီဝင်ရမဲ့ရက်ပါ။ ဒါပေမဲ့ အကိုက နားရက်လို့ပဲပြောတယ်။ ဆန်းသစ်စလာမှာမို့ တမင်ပဲအလုပ်ပျက်တာလားလို့တွေးမိပေမဲ့လည်း ဆန်းသစ်က ဒီလောက်ထိရေးကြီးခွင်ကျယ်လုပ်ရမဲ့သူမှမဟုတ်ဘဲ။ ပြီးတော့ အကို့လိုဆရာဝန်တစ်ယောက်က အလွယ်တကူခွင့်ယူနိုင်လို့လား။

အိမ် ( Completed )Where stories live. Discover now