အပိုင်း(၁၃.၂)

47 8 0
                                    

အပိုင်း(၁၃.၂)

မတော်တဆဖြစ်ပြီးသည့်နောက်မှာ လုဝမ်ချန်းကပြန်သက်သာလာပြီး အိပ်ရာထဲကပင် ထွက်နိုင်ပြီဖြစ်သည်။ သူနေ့တိုင်းသောက်နေရသည့်ဆေးတွေလဲ ပြောင်းကုန်ပြီဖြစ်သည်။ ဟွားလုကသူ့ကိုဆေးရည်ပေးလာပြီး အနံ့ခံလိုက်သည်နှင့် အဲ့ဆေးကသူပုံမှန်သောက်နေကြ ဆေးမဟုတ်တာကိုသူပြောနိုင်သည်။ “သမားတော်ကျန်း ဆေးနည်းပြောင်းလိုက်တာလား?”

“မဟုတ်ပါဘူး ဒါကရှောက်ကျွင်းရဲ့ဆေးနည်းပါ သခင်လေး”

လုဝမ်ချန်းအဲ့စကားကိုကြားသောအခါ သူအခုလေးတင်သောက်လိုက်သည့်ဆေးတွေကို ပြန်ထွေးထုတ်မိသွားသည် “ဖူးး….”

အဲ့အချိန်မှာပဲ လင်ချင်းယွီအခန်းထဲကို ဝင်လာလေသည် “သခင်လေး ဆေးထပ်ပြီး မသောက်နိုင်တော့ဘူးလား?” ရယ်ပြီးမေးလာခဲ့သည်။

လုဝမ်ချန်းကချောင်းဆိုးနေပြီး ဟွားလုက ထပ်ပြီးသန့်ရှင်းရင်း အလုပ်ရှုပ်နေသည်။ လင်ချင်းယွီသူ့စကားများကို တခါမှ မသက်ညှာပေးပေ။ ဒါပေမဲ့ သူအိပ်ရာကိုလမ်းလျှောက်လာကာ ထိုင်လိုက်ပြီး လုဝမ်ချန်း၏နောက်ကျောကို ပုတ်ပေးကာ သက်သာအောင် လုပ်ပေးနေသည်။

လုဝမ်ချန်း စာရွက်နဲ့မှင်အနံ့အပြင် ဆေးနံ့လေးရောနေသည့် ဖျော့တော့သည့်ရနံ့ကို လင်ချင်းယွီစီကရလိုက်သည်။ သူ့ ကြည့်ရတာ စာအုပ်ထဲကအတိုင်း ဆေးပင်တွေကို ရွေးလာတဲ့ပုံပေ။

လုဝမ်ချန်းကအရမ်းပျင်းနေသည့်အတွက်ကြောင့် ဘာမှမလုပ်ချင်လောက်အောင် ပျင်းနေတာကြောင့် သူတခါတလေ သူ့ဘေးနားမှာရှိနေတဲ့သူ ကြည့်နေတာကို သူ့ကိုယ်သူသိထားမိပြီး အကြည့်တချက်နှင့်ပဲ ပြီးသွားတတတ်သည်။ သူကလူတွေ၏စကားလုံးတွေကို ချင့်ချိန်ခြင်းနှင့် သူတို့၏မျက်နှာအမူရာတွေကိုဖတ်ခြင်းတွင် အရမ်းတော်သည် ဥပမာအနေနဲ့ အခု သူလင်ချင်းယွီစိတ်အခြေနေမကောင်းဘူးဆိုတာ အာရုံခံမိသည် သူ့ဘေးနားမှာရှိသည့် အအေးဓာတ်တွေက လူတွေကိုသုံးကြောင်းလောက် နောက်ပြန်ချီတက်သွားစေနိုင်သည်။

သူအလျင်စလို မလုပ်ရဲပေ သူသတိရှိရှိမေးလိုက်မိသည် “ချင်းယွီမင်းဘာလို့ကိုယ့်ရဲ့ ဆေးကိုပြောင်းလိုက်တာလဲ?”

ငါးဆားနူ နဲ့သုံးကြိမ်လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now