ငါတို့ဟာ သူစိမ်းတွေဖြစ်ဖို့ အရမ်းများ ရင်းနှီးခဲ့ကြလေသလား။
ရုတ်တရက် တိတ်ဆိတ်သွားတဲ့ ဆက်ဆံရေးတွေ။ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်ကို ရှာမတွေ့ခဲ့ဘူး။
ဒါမှမဟုတ်...ငါတို့နှစ်ယောက်စလုံးက ရှာဖို့မကြိုးစားခဲ့ကြတာလား။ဖြူစွတ်တဲ့ အသားအရည်နဲ့
စူးရှလွန်းတဲ့ မျက်ဝန်းတစ်စုံ...
ငါဘယ်တော့မှ ရဲရဲမကြည့်ရဲခဲ့တဲ့ မျက်ဝန်းလေးတွေ။
ဒါပေမဲ့ အဲ့မျက်ဝန်းတွေကို တစ်ချိန်တည်းမှာပဲ နားလည်နေမိခဲ့တယ်။
'အဆုံးသတ်မှာ နာကျင်ရလိမ့်မယ်'တဲ့လေ။
အဲ့စကားကို မဖွင့်ပြောခဲ့ပေမဲ့ အချင်းချင်း သိနေကြတာပဲ မဟုတ်လား။ငါဟာလေ နာကျင်ရမယ်မှန်းသိရက်နဲ့ အဆုံးသတ်ကို ကျေကျေနပ်နပ်ကြီး စောင့်နေခဲ့တာ။'အစတည်းက သူစိမ်းတွေပဲလေ..'ဆိုပြီး ဖြေသိမ့်ဖို့ကြိုးစားရင်း
အတိတ်တွေကနေ ရုန်းမထွက်နိုင်တာလည်း ငါကိုယ်တိုင်ပါပဲ။အဆုံးသတ်မှာတော့ ငါတို့ဟာ
သူစိမ်းတွေဖြစ်ဖို့ အရမ်းရင်းနှီးခဲ့ကြသူတွေပါပဲ။
YOU ARE READING
ချစ်ရသူများထံသို့....
RandomI have neither talent nor write well.But I hope y'all will reading my writing in positive view.Thanks.